သာစည်မြို့နယ်တွင် ခရီးသည်တင်ကားတစ်စီးပေါ်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၅
မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင် ခရီးသည်တင်ကားပေါ်မှ ငွေကျပ် (၁၂၂၂) သိန်းတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော(နိုဝင်ဘာလ ၁၃ ရက်)၊ ညနေ ၃နာရီ ၁၅မိနစ်အချိန်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့သည် အဆိုပါကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားအား စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်တွင် လိုက်ပါလာသည့် ခရီး သည် မအိအိလွင်(၃၅)နှစ်၊ မစန်းစန်းဝင်း(၃၅)နှစ်၊ မတင်တင်ဝင်း(၄၃) နှစ်နှင့် မျိုးကိုကို(၃၂)နှစ် တို့ထံမှ ငွေကျပ်(၁၂၂၂)သိန်းတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၆ ဒသမ ၁၁ကီလို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီအချိန်တွင် အဆိုပါဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူ မသန်းသန်းအေး(ခ)သန်းအေး(၄၁)နှစ်အား ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ၎င်းငှားရမ်းနေထိုင်သည့်နေအိမ်၌ လက်ကိုင်ဖုန်း (၂)လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၅)ဦးအား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း