Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ယခုလကုန်၌အပြီး ပြောင်းလဲတပ်ဆင်ရန် ပို့/ဆက်ဝန်ကြီး ဌာန ထပ်မံအသိပေး

NP News - မတ် ၆

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို မတ်လ ၃၁ ရက်အပြီး ပြောင်းလဲတပ်ဆင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက မတ်လ ၆ ရက်တွင် ထပ်မံအသိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကညနမှ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားပုံစံသစ်အား ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်ကာ မှတ်ပုံတင်မော်တော်ယာဉ်များတွင် ပြောင်းလဲတပ်ဆင်ပေးနေခြင်းလည်း ဖြစ်သည်။

ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်းတွင် နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေး ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးအနေဖြင့် မတ်လ ၃၁ ရက် အပြီးတပ်ဆင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင် ယာဉ်များ၌ တပ်ဆင်အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်ခြင်း၊ မော်တော်ယာဉ် တည်ရှိသည့်မြို့နယ်ကိုပါ ခွဲခြားသိရှိနိုင်ခြင်း၊ ယာဉ်နံပါတ်ပြားနှင့် မော်တော်ယာဉ်တိကျမှန်ကန်စေခြင်းစသည့် အကျိုး ကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

ယခင်က မော်တော်ယာဉ်တွင် တပ်ဆင်သည့်ဖောင်းကြွနံပါတ်ပြား၌ တိုင်းဒေသကြီး/ပြည်နယ် ဒေသသင်္ကေတ၊ ရောက်ရှိအက္ခရာနှင့်  ဂဏန်းများသာပါရှိပြီး ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်ဒေသသင်္ကေ တတို့အပြင် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်တို့ကိုပါ ထပ်တိုးထည့်သွင်း ရိုက်နှိပ်ပေးမည်ဖြစ်သည်။

အလားတူ ပုဂ္ဂလိက မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် နှစ်လဲသက်တမ်းတိုးချိန်တွင်ဖြစ်စေ၊ သက်တမ်းတိုးချိန်မတိုင်မီဖြစ်စေ သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများနှင့်ဆက်သွယ်၍ ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ကြရန်လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နောက်တွဲယာဉ်များနှင့် စက်ယန္တရားများမှအပ မော်တော်ယာဉ်အမျိုးအစားအားလုံးတွင် လုံခြုံရေးဆိုင်ရာ အချက်အလက် (Security Features) များ ထပ်မံထည့်သွင်းထားသည့် အင်္ဂလိပ်အက္ခရာဖောင်းကြွနံပါတ် ပြားများကို ပြီးခဲ့သည့်အစိုးရလက်ထက် ၂ဝ၁၉ ခုနှစ်တွင် ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ၂ဝ၂ဝ ခုနှစ်၊ ဇူလိုင်လင်လည်း နောက်တွဲယာဉ်များကို အဆိုပါ အင်္ဂလိပ်အက္ခရာဖောင်းကြွနံပါတ်ပြားများအဖြစ် စတင်ပြောင်း လဲခဲ့ကြောင်း သိရသည်။

zawgyi version


NP News - မတ် ၆








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံမှ ကူညီပေးနေသည့်ကိစ္စများအပေါ် နစကဥက္ကဋ္ဌနှင့် အာရှရေးရာအထူးကိုယ်စားလှယ်တို့ ဆွေးနွေး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved