ရန်ကုန်-မန္တလေး အမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ ယာဉ်တိုက်မှုဖြစ်ပွား
စော (NSS) - နိုဝင်ဘာ ၁၅
ရန်ကုန်-မန္တလေး အမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း အုတ်တန်းအား ဝင်တိုက်ခဲ့ကြောင်း (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၁၅ ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇/၀)နှင့် (၁၁၇/၁)၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အငှားယာဉ်တစ်စီးသည် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် ကားဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်တန်းအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Taxi ကားပါ။ ကားက ဘယ်ဘက် ရှေ့ဘီးပေါက်ပြီး လယ်လမ်းမှာရှိတဲ့ အုတ်တွေတန်းထားတာကို ဝင်တိုက်တာပါ။ ထိခိုက်ဒဏ်ရာရတဲ့သူက ကလေးပါ”ဟု (၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်ပေါ်တွင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၅)ဦးအနက် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါကလေးငယ်အား ကြက်ခြေနီအသင်းမှ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံက BRICS အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာနိုင်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း