အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 13 / 6:00 PM)
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၃
ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်နေတဲ့ အစ္စရေးစစ်ပွဲဟာ အိမ်နီးချင်းလက်ဘနွန်နိုင်ငံကတဆင့် အရှေ့အလယ်ပိုင်းဒေသကို ကူးစက်နိုင်မယ့် အလားအလာတွေရှိနေရာ လက်ရှိအချိန်မှာ စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားတယ်လို့ အီရန်အာကာသ တပ်ဖွဲ့အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ် အလီဟာဂျီဇာဒက်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရန်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဟာဂျာဇာဒက်က "ဂါဇာဒေသ စစ်ပွဲဟာ လက်ရှိထက် စစ်ဘောင်ပိုကျယ်ပြန့်လာမယ့် အလားအလာမျိုးတွေရှိနေတာကိုတွေ့မြင်နေရတယ်။ စစ်ပွဲဟာ လက်ဘနွန်နိုင်ငံကို ကူးစက်ပျံ့နှံ့လာဖွယ်ရှိနေတယ်။"လို့ပြောပါတယ်။
အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ ဂါဇာမြောက်ပိုင်းစစ်ပွဲမှာ အစ္စရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားတဲ့အတွက် ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်း နယ်မြေအတွင်းမှာ အစ္စရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၄၄ ဦးသေဆုံးထားတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အစ္စရေးဟာ ဂါဇာဒေသကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေရှိနေရာ ပါလက်စတိုင်း လူမျိုးတွေလည်း သေဆုံးမှုမြင့်တက်နေဆဲဖြစ်ပါတယ်။
အမေရိကန်စစ်တပ်က ဆီးရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုကိုလက်တုံ့ပြန်မှုအဖြစ် လေကြောင်းကနေ စီးနင်းတိုက်ခိုက်ခဲ့ရာ အီရန်အထောက်အပံ့ရထားတဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့ဝင် ၈ ဦး သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ ဂါဇာဒေသမှာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေဟာ အစ္စရေးနဲ့ အမေရိကန်ကို ပစ်မှတ်ထားတိုက်ခိုက်နေခဲ့ပါတယ်။
ဂါဇာဒေသမှာစစ်ပွဲအရှိန်မြင့်တက်လာခြင်းကြောင့် ရုရှားအစိုးရဟာ ဂါဇာဒေသရှိ ရုရှားနိုင်ငံသား ၇၀ ကျော်ကို ကယ်ထုတ်ပေးခဲ့ကြောင်း၊ ရုရှားနိုင်ငံသားတွေဟာ ဂါဇာဒေသမှ အီဂျစ်နိုင်ငံကို သွားရောက်ဖို့ နယ်စပ်ဒေသကိုရောက်ရှိနေကြောင်း ရုရှားအစိုးရက ပြောပါတယ်။ ရုရှားအစိုးရဟာ ဘေးလွတ်ရာကို ကယ်ထုတ်ထားတဲ့ ရုရှားနိုင်ငံသားတွေကိုလိုအပ်တဲ့ အစားအစာနဲ့ ရေတွေ ပံ့ပိုးကူညီပေးထားကြောင်းသိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အင်ဒိုနီးရှားနိုင်ငံကို အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲကို ဖြေရှင်းနိုင်အောင် အဓိကအခန်းကဏ္ဍာကပါဝင်ဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်ရှိမွတ်စလင်နိုင်ငံတွေထဲမှာ မွတ်စလင်လူဦးရေအများဆုံးနိုင်ငံဖြစ်နေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ် စစ်တွေခရိုင်ရှိ ပြည်သူလူထုအနေဖြင့် ည (၉)နာရီနောက်ပိုင်း အပြင်မထွက်ကြရန် အမိန့်ထုတ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း