ရခိုင်ပြည်နယ် စစ်တွေခရိုင်ရှိ ပြည်သူလူထုအနေဖြင့် ည (၉)နာရီနောက်ပိုင်း အပြင်မထွက်ကြရန် အမိန့်ထုတ်
မြူနစ် (NSS) - နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ရှိ ပြည်သူလူထုအနေဖြင့် ည(၉)နာရီနောက်ပိုင်း အပြင်မထွက်ကြရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ယနေ့(နိုဝင်ဘာလ ၁၃ ရက်)တွင် စစ်တွေမြို့ပေါ်၌ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို ကျင်းပပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တွေခရိုင်အတွင်းရှိ စားသောက်ဆိုင်များနှင့် ပြည်သူလူထုအနေဖြင့် ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ည (၉)နာရီနောက်ပိုင်း အပြင်မထွက်ကြရန် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ခရိုင်ထွေအုပ်ကတော့ အဲဒီလိုပြောတယ်။ စစ်တွေခရိုင်က ထုတ်တာတော့ စစ်တွေတစ်ခုလုံးပေါ့။ ကျန်တဲ့ မြို့နယ်တွေကတော့ ဘယ်လိုထုတ်လဲမသိဘူး”ဟု စစ်တွေမြို့ရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက NSS ကို ပြောသည်။
စစ်တွေခရိုင်အတွင်းရှိ စားသောက်ဆိုင် နှင့် လမ်းဘေးဈေးဆိုင်များအနေဖြင့် ည ၈ နာရီခွဲအချိန်တွင် အပြီးပိတ်သိမ်းဆောင်ရွက်ရန်လည်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် ည(၉)နာရီနောက်ပိုင်းတွင် ပြည်သူလူထုအနေဖြင့် အပြင်မထွက်ကြရန်လည်း ထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ယနေ့နံနက်အစောပိုင်းတွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နှင့် မင်းပြားမြို့နယ်တို့ရှိ ရဲကင်းစခန်းများကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က စတင်တိုက်ခိုက်ကာ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။
ထိုသို့ တစ်ကျော့ပြန်စစ်ပွဲ ပြန်လည်ဖော်ဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်အတွင်း၌ ကုန်းလမ်း၊ ရေလမ်းကြောင်းများသည် ပြန်လည်ပိတ်ဆို့ရပ်တန့်သွားခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုသည်လည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီကနေ့ (နိုဝင်ဘာ ၁၃) အတွင်း ထူးခြားသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း