ပူလော့ဆာတန်ကျွန်းမှ Raffles မီးပြတိုက်ကို နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ပေးဖို့ဆောင်ရွက်နေ
ရောင်နီ(NSS) - နိုဝင်ဘာ ၁၃
စင်ကာပူနိုင်ငံအနီးရှိ ပူလော့ဆာတန်ကျွန်းမှာတည်ရှိတဲ့ Raffles မီးပြတိုက်ကို မကြာမီအချိန်မှာ နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ပေးဖို့ဆောင်ရွက်နေတယ်လို့ တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၁၂ ရက်) The Strait Time သတင်းဌာနမှ ဖော်ပြချက်အရ သိရပါတယ်။
စင်္ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင် (MPA) က ဆိုလာပြားတွေနဲ့ စွမ်းအင်သိုလှောင်မှုစနစ်တွေကို အသုံးပြုပြီး နေရောင်ခြည်စွမ်းအင်မှ ကျွန်းပေါ်မှာ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ၁ ဒသမ ၂ မဂ္ဂါဝပ်ထက် ပိုမိုထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အဲဒီလိုထုတ်ပေးမယ့် လျှပ်စစ်ဓာတ်အားဟာ တစ်နှစ်ကို အခန်းလေးခန်းပါ အိမ်ရာ ၃၀၀ ခန့်ထိ လျှပ်စစ်ဓာတ်အားပေးဖို့ လုံလောက်နိုင်ပါတယ်။
MPA ဟာ အဆိုပါ ဆိုလာစနစ်နဲ့ Raffle မျှော်စင်အတွက် စွမ်းအင်ထုတ်ခြင်းကို ၂၀၂၄ ခုနှစ်မှာ စတင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ကျွန်းပေါ်ရှိ မီးပြတိုက်နဲ့ အခြားလုပ်ငန်းသုံး စက်ကိရိယာတွေကို စွမ်းအင်အလုံအလောက်ပေးနိုင်ဖို့ စိမ်းလန်းစွမ်းအင် အပါအဝင် အလားအလာရှိတဲ့ လျှပ်စစ်ဓာတ်အား ၂၇၀၀ kilowatt hours အထိ ထောက်ပံ့ပေးနိုင်မယ့် ဆိုလာစွမ်းအင်နဲ့ ဖြည့်စွက်သွားမယ်လို့ MPA က ပြောပါတယ်။
ဧပြီလကတည်းက MPA ဟာ Pulau Satumu အနီးရှိ ရေအောက်တာဘိုင်တွေကို အသုံးပြုပြီး ဒီရေစီးကြောင်းတွေကို လျှပ်စစ်အဖြစ် ပြောင်းလဲဖို့အတွက် အဏ္ဏဝါပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Bluenergy Solutions နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီရေတာဘိုင် စမ်းသပ်မှု အောင်မြင်ပြီးမြောက်ခဲ့ပြီးနောက် ယခုအချိန်မှာတော့ ကျွန်းကို လျှပ်စစ်ဓာတ်အား သွယ်တန်းနိုင်ဖို့ ကေဘယ်ကြိုးတွေချထားနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော်မှပြန်လည်ထိန်းချုပ်ပြီးဖြစ်သည့် ထီးချိုင့်မြို့မြင်ကွင်း (PHOTO News)
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ