၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဂျပန်အသင်း နှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်ကစားသမားစာရင်းထုတ်ပြန်
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၃
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဂျပန်အသင်း နှင့် ယှဉ်ပြိုင်ကစားမည့်မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ကစားသမားစာရင်းကို မြန်မာဘောလုံးအဖွဲ့ချုပ်(MFF)က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့(နိုဝင်ဘာလ ၁၃ ရက်)တွင် မြန်မာ့လက်ရွေးစင်ကစားသမား (၂၄)ဦးစာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအတွက် ကစားသမားများရွေးချယ်ရာတွင် ပြည်ပထွက်ခွါကစားနေသည့် ကစားသမား(၉)ဦးထိပါဝင်လာခဲ့ပြီး အဆိုပါကစားသမားများထဲတွင် မြန်မာလက်ရွေးစင်အသင်း၏ အဓိကတိုက်စစ်မှူးများဖြစ်သည့် အောင်သူ၊ ဝင်းနိုင်ထွန်းနှင့် သန်းပိုင်တို့ ပါဝင်လာခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုး-ဆန်းဆက်နိုင်၊ ဇင်ညီညီအောင်၊ ကျော်ဇင်ဖြိုး နောက်တန်းတွင် နန္ဒကျော်၊ သက်ဟိန်းစိုး၊ ဟိန်းဇေယျာလင်း၊ လတ်ဝေဘုန်း၊ ကောင်းထက်ပိုင်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော် အလယ်တန်းတွင် ဝေလင်းအောင်၊ ရန်နိုင်ဦး၊ နေမိုးနိုင်၊ ဇော်ဝင်းသိန်း၊ Suan Lam Mang၊ ဟိန်းထက်အောင်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင်နှင့် တိုက်စစ်ပိုင်းတွင် အောင်သူ၊ ဝင်းနိုင်ထွန်း၊ သန်းပိုင်တို့ ပါဝင်လာခဲ့ကြောင်း (MFF)က ထုတ်ပြန်ထားသည်။
အဆိုပါကစားသမားစာရင်းထုတ်ပြန်ပြီးနောက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွါမည်ဖြစ်ပြီး လာမည့်(နိုဝင်ဘာလ ၁၆ ရက်)တွင် ဂျပန်လက်ရွေးစင်အသင်းနှင့် ဒုတိယအဆင့်အုပ်စုအဖွင့်ပွဲစဉ်ကို စတင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လာမည်(နိုဝင်ဘာလ ၂၁ ရက်)တွင် မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် မြောက်ကိုရီးယားအသင်းနှင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၀)လတာကာလ၌ နိုင်ငံအတွင်း ယာဉ်တိုက်မှုပေါင်း (၄၀၀၀)ကျော်ဖြစ်ပွားခဲ့ရာ လူ(၂၀၀၀)ကျော် သေဆုံးခဲ့
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း