မြေထဲပင်လယ်မှာ အမေရိကန်စစ်ဘက်သုံးရဟတ်ယာဉ်ပျက်ကျပြီး လိုက်ပါလာတဲ့အမေရိကန်တပ်ဖွဲ့ဝင်အားလုံးသေဆုံး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၃
အမေရိကန်တပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ စစ်ဘက်သုံးရဟတ်ယာဉ်တစ်စီးဟာ နိုဝင်ဘာလ ၁၂ ရက်က မြေထဲပင်လယ်မှာ လေ့ကျင့်ပျံသန်းချိန်အတွင်း ပျက်ကျသွားခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားခဲ့ကြောင်းသိရပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ ဘယ်အရပ်ဒေသကနေ ပျံသန်းလာတယ်ဆိုတာကို အတိအကျသတင်းထုတ်ပြန်ခြင်းမျိုးမရှိခဲ့ကြောင်းသိရပါတယ်။ အမေရိကန်စစ်တပ်ဟာ မြေထဲပင်လယ်ဒေသမှာ လေယာဉ်တင် သင်္ဘောတွေ ဖြန့်ကြတ်ချထားရာ အဲဒီလေယာဉ်တင်သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဖြစ်ဖွယ်ရှိတယ်လို့ဆိုပါတယ်။
အမေရိကန်စစ်ဘက်က "စစ်ရေးလေ့ကျင့်ခန်းအစိတ်အပိုင်းအဖြစ် လေထဲမှာလေယာဉ်ဆီဖြည့်တင်းရေး လေ့ကျင့်ခန်းလုပ်ဆောင်ချိန်မှာ ရဟတ်ယာဉ်ပျက်ကျသွားခဲ့တာပါ။ အဲဒီရဟတ်ယာဉ်ဟာ မြေထဲပင်လယ်ထဲကို ပျက်ကျသွားခဲ့ပြီး အမေရိကန်စစ်သား ၅ ဦးသေဆုံးခဲ့တယ်"လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါရဟတ်ယာဉ်ပျက်ကျရတဲ့အဓိကအကြောင်းအရင်းကို အမေရိကန်စစ်ဘက်က အသေးစိတ်သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်းသိရပါတယ်။ အမေရိကန်စစ်ဘက်သုံးရဟတ်ယာဉ်တွေ နဲ့ တိုက်လေယာဉ်တွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ပျက်ကျမှုတွေရှိလာခဲ့ပြီး စက်တင်ဘာကလည်း အက်ဖ် ၃၅ အမျိုးအစားကိုယ်ပျောက်တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ဖူးကြောင်းသိရပါတယ်။
ဒါ့ပြင် မတ်လကလည်း အမေရိကန်စစ်ဘက်သုံးရဟတ်ယာဉ်နှစ်စီး ပျက်ကျခဲ့ပြီး အမေရိကန်စစ်သား ၉ဦးသေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း နေတိုးအဖွဲ့ရဲ့စစ်ရေးလေ့ကျင့်ခန်းမှာ အမေရိကန် လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အမေရိကန်မရိန်းတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်မြေသာစံမြို့နယ်၌ အမျိုးသမီး(၂)ဦးအား အရက်မူးနေသည်ဟု ယူဆရသည့်လူတစ်ဦးက ဆိုင်ကယ်ဖြင့် ဝင်တိုက်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း