အောင်မြေသာစံမြို့နယ်၌ အမျိုးသမီး(၂)ဦးအား အရက်မူးနေသည်ဟု ယူဆရသည့်လူတစ်ဦးက ဆိုင်ကယ်ဖြင့် ဝင်တိုက်မှုဖြစ်ပွား
သန့်ဇင်(NSS) - နိုဝင်ဘာ ၁၃
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် အမျိုးသမီး(၂)ဦးအား အရက်မူးနေသည်ဟု ယူဆရသည့်လူတစ်ဦးက ဆိုင်ကယ်ဖြင့် ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မဏိမေခလာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့(နိုဝင်ဘာလ ၁၂ ရက်)၊ ည ၈ နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၉ လမ်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်သမားက အရက်မူးပြီးမောင်းလာတာ။ ပြီးတော့ လမ်းဘေးမှာရှိနေတဲ့ အမျိုးသမီး(၂)ယောက်ကို ဝင်တိုက်မိတာပါ” ဟု မဏိမေခလာလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူအသက်(၃၅)နှစ်အရွယ်အမျိုးသားသည် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ မေးစေ့ကွဲဒဏ်ရာနှင့် အမျိုးသမီး(၂)ဦးတွင် နှုတ်ခမ်းပေါက်ဒဏ်ရာအပြင် အခြားထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“စိုးရိမ်ရတဲ့ဒဏ်ရာတော့ မရခဲ့ပါဘူး။ ဆိုင်ကယ်မောင်းတဲ့သူကတော့ ပိုထိခိုက်တယ်။ အမျိုးသမီး(၂)ဦးကလဲ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရှိသူများအား မြေပြင်ဆေးကုသမှုများပြုလုပ်ပေးပြီးနောက် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့(နိုဝင်ဘာလ ၁၃ ရက်)၊ နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ ၇၅၊ ၇၆ လမ်း နှင့် ၃၂၊၃၃ လမ်းကြားတွင် ရန်ဖြစ်စကားများရာမှ အမျိုသား(၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အရိုက်ခံရတဲ့လူတွေက အဆောင်နေကြတဲ့လူငယ်တွေပါ။ အရက်ထိုင်သောက်နေရင်းကနေ။ အပြင်ကလူတွေနဲ့ ရန်ဖြစ်ကြပြီး ခေါင်းတွေအရိုက်ခံရတာပါ” ဟု ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအရိုက်ခံရသည့် အမျိုးသား(၂)ဦးသည် အသက်(၂၀)ဝန်းကျင်အရွယ်များဖြစ်ကြပြီး ဦခေါင်းပေါက်ပြဲဒဏ်ရာနှင့် မျက်လုံးထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးအား ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းတော်မြို့နယ်ရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ (၁၀)ဦးထက်မနည်းကို PDF အဖွဲ့ဝင်များ ဖမ်းဆီးထားဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း