ယခုတစ်ပတ်အတွက် စားသုံးဆီလက်ကားဈေးကို တစ်ပိဿာလျှင် ကျပ်(၄၆၈၀) သတ်မှတ်လိုက်ပြီး ကျပ်(၁၂၀) မြင့်တက်လာ
စော (NSS) - နိုဝင်ဘာ ၁၃
ယခုတစ်ပတ်အတွက် စားသုံးဆီလက်ကားဈေးကို တစ်ပိဿာလျှင် ငွေကျပ်(၄၆၈၀) သတ်မှတ်လိုက်ပြီး ယခင်တစ်ပတ်ထက် ငွေကျပ် (၁၂၀)မြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ နိုဝင်ဘာလ (၁၃)ရက်မှ (၁၉)ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပိဿာလျှင် ငွေကျပ် (၄၆၈၀)ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၆)ရက်မှ (၁၂)ရက်အထိ တစ်ပတ်တာအတွက် စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာလျှင် (၄၅၆၀)ကျပ်ဖြစ်သည့်အတွက် ယခုတစ်ပတ်တွင် စားအုန်းဆီဈေးနှုန်း ငွေကျပ် (၁၂၀) ထပ်မံမြှင့်တက်လာခြင်းဖြစ်သည်။
“အပြင်ပေါက်ဈေးက တစ်ဘူးကို (၃၀၀၀) အမြတ် (၅၀၀)လောက်ပဲယူတယ်။ တစ်ဘူး (၃၀၀၀)ဆိုတော့ တစ်ပိဿာဆိုရင် (၆၀၀၀)ကျော်လောက်ပဲဖြစ်လောက်မယ်။ အရင်တုန်းက ဈေးအရမ်းကြီးတယ်”ဟု သင်္ဃန်းကျွန်းတွင် နေထိုင်သူတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးသည့်ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌနာက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရိခေါ်ဒါရ်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံထောင်ချီ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ