သီပေါနှင့်ကျောက်မဲကြားရှိ ကျင်သီတံတား ကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများအတွက် သွားလာရေးအခက်အခဲဖြစ်ပေါ်
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် သီပေါနှင့်ကျောက်မဲကြားရှိ ကျင်သီတံတား ကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများအတွက် သွားလာရေးအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
TNLA ပူပေါင်းအဖွဲ့က ယမန်နေ့(နိုဝင်ဘာလ ၁၂ ရက်)၊ နံနက် ၅နာရီအချိန်တွင် ကျင်သီတံတားအနီးရှိ လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်၊
ထိုသို့ မိုင်းခွဲဖျက်ဆီးပြီးနောက် ကျင်သီတံတားသည် ထိခိုက်ပျက်စီးမှုများရှိခဲ့သော်လည်း ကျိုးကျသွားခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
သို့သော် ယမန်နေ့ညပိုင်းတွင် ၎င်းကျင်သီတံတားသည် ထက်ပိုင်းကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများအတွက် သွားရေးလာရေး အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
“တံတားက မနေ့ညနေပိုင်းအထိအပေါက်ဖြစ်နေတာပဲတွေ့ရသေးတယ်။ ညပိုင်းမှာ ကျိုးသွားတယ်လို့ ထင်ရတယ်။ လူတွေတော့ ဖြတ်သွားနေကြတယ်။ မသွားသင့်ဘူးလို့တော့ ထင်ပါတယ်။ မဖြစ်မနေသွားရတဲ့လူတွေကတော့ တံတားကျိုးပေါ်ကနေ ဖြတ်သွားနေကြတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရသည့် တံတားသည် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)တွင် အရေးပါသောတံတားဖြစ်ပြီး လက်ရှိအချိန်တွင် မော်တော်ယာဉ်များဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။
ထို့ပြင် နမ့်ခမ်းမြို့အနီးတစ်ဝိုက်တွင် ယနေ့နံနက်အစောပိုင်းမှစတင်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ရှမ်းပြည်နယ် (အရှေ့မြောက်)ပိုင်း ကုန်သွယ်ရေးများ ရပ်တန့်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြေအောက်ဥမင်လိုဏ်ခေါင်းပြိုကျခဲ့ပြီးနောက် ပိတ်မိနေသူများနဲ့ အဆက်သွယ်ရရှိထားပြီး မကြာမီအပြီးသတ်ကယ်ထုတ်နိုင်မယ်လို့ အိန္ဒိယအစိုးရပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း