ပြန်ကြားရေးဝန်ကြီးဌာနတွင် လစ်လပ်နေသည့် ဒုဦးစီးမှူး ရာထူးနေရာ(၆ဝ)ကျော်အတွက် ဝန်ထမ်းများ ခေါ်ယူ
ယွန်း (NP News) - မတ် ၅
ပြန်ကြားရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် လစ်လပ်နေသည့် ဒုတိယဦးစီးမှူး ရာထူးနေရာ(၆၁)နေရာအတွက် ဝန်ထမ်းများ ခေါ်ယူနေကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့(မတ်လ ၅ ရက်)တွင် ထုတ်ဝေသည့် နိုင်ငံတော်ပိုင်သတင်းစာများ၌ အထက်ပါကဲ့သို့ ထည့်သွင်းကြေညာထားခြင်းဖြစ်သည်။
လျှောက်ထားလိုသူများသည် အသက်(၃ဝ)နှစ်ရှိရမည်ဖြစ်ပြီး မဟာဘွဲ့ရရှိထားပါက အသက်(၃၂)ထက် မကျော်လွန်သူဖြစ်ရန် လိုကြောင်းသိရသည်။
လျှောက်လွှာပုံစံများကို ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် www.moi.gov.mm တွင် ရယူနိုင်ပြီး ဧပြီလ(၅)ရက်တွင် လူကိုယ်တိုင်(သို့မဟုတ်) အမြန်ချောပို့ဖြင့် ရုံးချိန်အရောက်နောက်ဆုံးထားပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ပေးပို့လာသည့် လျှောက်လွှာများထဲမှ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်လွှာများကို စိစစ်ပြီး ရေးဖြေစာမေးပွဲ ဖြေဆိုရမည့် နေ့ရက်နှင့် နေရာတို့ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
သတ်မှတ်ရက်ထက် ကျော်လွန်ပြီးမှ ရောက်လာသည့် လျှောက်လွှာများနှင့် အရည်အချင်း သတ်မှတ်ချက် မကိုက်ညီသူများကို ထည့်သွင်းစဥ်းစားပေးမည် မဟုတ်ကြောင်း ပြည်ကြားရေးဝန်ကြီးဌာနမှ ထည့်သွင်းထုတ်ပြန်ထားသည်။
zawgyi version
ယွန်း (NP News) - မတ် ၅
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်မဲ့ပြည်သူများ စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးရေးအတွက် လက်နက်ကိုင်အဖွဲ့အားလုံး လေးနက်စွာစဉ်းစားရန် PNLO တိုက်တွန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ