ဗိုလ်တထောင်မြို့နယ်ရှိ (၄)ထပ်တိုက်အဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၁၀)ဦးထက် မနည်းထိခိုက်ဒဏ်ရာရ
စော (NSS) - နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တွင် (၄)ထပ်တိုက်အဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ နံနက် (၆)နာရီခွဲအချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး၊ (၆)ရပ်ကွက်၊ ဘိုကလေးဈေးအနောက်ဘက်ရှိ (၄)ထပ်တိုက်အဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုအား Level 1 အဆင့်သတ်မှတ်ကာ မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် (၇)နာရီဝန်းကျင်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
“မီးလောင်ရတဲ့ အကြောင်းနဲ့ မီးဘယ်ကစလောင်တာလဲ ဆိုတာကို မီးသတ်က စစ်ဆေးနေတုန်းပါ။ မီးလောင်တာက အထပ်မြင့်တိုက်ခန်းပါ။ အပေါ်ထပ်နှစ်ထပ်တော့ လောင်သွားတယ်။ (၄)လွှာက တစ်ထပ်လုံးနီးပါး တော်တော်လောင်သွားတာပါ”ဟု ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မီးလောင်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး အပါအဝင် အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၈)ဦး စုစုပေါင်း (၁၃)ဦးကို မီးလောင်မှုဖြစ်စဉ်မှ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသား (၇)ဦး နှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၁၁)ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသပေးခဲ့ရကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက NSS ကိုပြောသည်။
လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်း နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနဲ့ ယူကရိန်းစစ်ပွဲဟာ မကြာမီမှာ အရေးကြီးတဲ့အလှည့်အပြောင်းကာလကို ရောက်ရှိလာတော့မှာဖြစ်ကြောင်း ပြင်သစ်သမ္မတပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း