ဂါဇာဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် (၁၀)မိနစ်ကို ကလေးငယ်တစ်ဦးသေဆုံးနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၁
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ (၁၀) မိနစ်ကို ကလေးငယ်တစ်ဦးသေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲတွေစတင်ခဲ့ပြီးနောက် ကလေးငယ်ပေါင်းအနည်းဆုံး ၄၅၀၀ ကျော်သေဆုံးထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus ကပြောပါတယ်။
၎င်းက "ကလေးတွေအတွက် ဘယ်နေရာမှ ဘေးကင်းလုံခြုံမှုမရှိဘူး။ ဂါဇာဒေသရှိ ဆေးရုံ ၃၆ ခုရဲ့တစ်ဝက်၊ ကျန်းမာရေးဆေးပေးခန် သုံးပုံ နှစ်ပုံခန့်ဟာ လက်ရှိအချိန်မှာလုပ်ငန်းတွေကို ပုံမှန်လုပ်နိုင်တာမျိုးမရှိတော့ဘူး။ ဆေးရုံတွေရဲ့စင်္ကြံလမ်းတွေမှာလည်း ဒဏ်ရာရသူတွေ၊ နေမကောင်းသူတွေ၊ သေဆုံးသူတွေနဲ့ပြည့်နေတယ်။ ခွဲစိတ်ကုသဖို့လည်း ရုန်းကန်နေရတယ်။ ဆေးရုံတွေမှာ နေရပ်စွန့်ခွာထွက်ပြေးရသူထောင်ချီရောက်ရှိနေတယ်"လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၁သောင်းကျော် သေဆုံးထားကြောင်းသိရပါတယ်။ အစ္စရေးဟာ ဂါဇာဒေသကို ရေဖြတ်၊ မီးဖြတ်၊ အစားအစာနဲ့လောင်စာဆီဖြတ်ကာ တိုက်ခိုက်နေခဲ့ပြီး ဂါဇာဒေသရှိဆေးရုံတွေမှာ လောင်စာဆီကုန်ဆုံးတာမျိုးတွေရှိနေကြောင်းသိရပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဂါဇာဒေသမှာဖြစ်ပွားနေတဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုနေပေမယ့် အစ္စရေးနိုင်ငံက ဆက်လက်တိုက်ခိုက်နေပြီး လက်ရှိအချိန်မှာ ဟားမက်စ်အုပ်စုတွေရဲ့မြေအောက်ဥမင်လိုဏ်ခေါင်းတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ