တရုတ်အစိုးရက တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးမသွားဖို့ တိုက်တွန်း
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၉
တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးမသွားဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက "မြန်မာနိုင်ငံမြောက်ပိုင်း မြို့တွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပျံ့နှံ့ဖြစ်ပွားနေ တဲ့အတွက် တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးသွားတာမျိုးမလုပ်စေလိုဘူး။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း အခြေအနေတွေကို အနီးကပ်စောင့်ကြည့်စေလိုပါတယ်။ ဘေးကင်းတဲ့နေရာကိုရွှေ့ပြောင်းတာ၊ ဒါမှမဟုတ် မိခင်နိုင်ငံကို ပြန်လာတာ မျိုး လုပ်စေလိုတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက် ကိုင်အဖွဲ့တွေဟာ တပ်မတော်စခန်းများ၊ မြို့များကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်မြို့အချို့ကို ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံကို သွားမယ့်လမ်းတွေကိုလည်း ပိတ်ပင်ထားကြောင်း သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံအနည်းဆုံး ၅ သောင်းနီးပါးဟာ နေရပ် စွန့်ခွာခဲ့ရပြီး အချို့က နယ်စပ်ဖြတ်ကျော်ကာ နေရပ်စွန့်ခွာခြင်းများရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရတာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံကို လာရောက်ကာအစိုးရတာဝန်ရှိသူများနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တရုတ်အစိုးရက တိုက်ပွဲ အရှိန်ထပ်မံမမြင့်တက်စေဖို့၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖို့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၉ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ