တရုတ်သံရုံးက “ငဘ” ရုပ်ရှင်သရုပ်ဆောင်၏ မိသားစုဝင်အား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းထားသည့်ရုပ်ရှင် soft copy ပေးအပ်
စော (NSS) - နိုဝင်ဘာ ၉
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက “ငဘ” ရုပ်ရှင်သရုပ်ဆောင်၏ မိသားစုဝင်အား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းထားသည့် ရုပ်ရှင် soft copy အားပေးအပ်ခဲ့ကြောင်း သိရသည်။
တရုတ်သံရုံးမှ “ငဘ” ရုပ်ရှင်၏ အဓိကသရုပ်ဆောင်ဖြစ်သူ ဦးမြင့်မောင်၏ မိသားစုဝင်အား ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်)က ဖိတ်ကြားတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့သို့ တွေ့ဆုံပြီးနောက် သံမှူးကြီး Dr. Zheng Zhihong က ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းထားသော “ငဘ” ရုပ်ရှင်၏ soft copy အား လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် (၇၀) ပြည့်နှင့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အား ဂုဏ်ပြုရန် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏တောင်းဆိုချက်အရ “ငဘ” ရုပ်ရှင်အား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းခဲ့ပြီး မြန်မာနိုင်ငံထံသို့ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ တရုတ်ရုပ်သံဇာတ်လမ်းတွဲနှင့် မှတ်တမ်းရုပ်ရှင်များစွာကို ထုတ်လွှင့်ပြသရန် ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံတွင်လည်း မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲများကို ပြသနိုင်ခဲ့သည်ဟု ၎င်းကဆက်လက်ပြောသည်။
“အဖိုးသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကို မကြည့်ရတာ ကြာပြီဖြစ်ပေမယ့် တရုတ်နိုင်ငံက ရုပ်ရှင်ကို ပြုပြင်ပေးပြီး လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု “ငဘ” ရုပ်ရှင်သရုပ်ဆောင်၏မြေးဖြစ်သူ ဦးသီဟအောင်က ပြောသည်။
“ငဘ” ရုပ်ရှင်ကို ၁၉၆၁ ခုနှစ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လူသိများသည့် ရုပ်ရှင်ဇာတ် ကားဖြစ်ကာ မြန်မာပြည်သူများ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးဖော်ဆောင်သော ရုန်းကန်လှုပ်ရှားသည့်စိတ်ဓာတ်များကို ထင်ဟပ်စေသော ရုပ်ရှင်ဇာတ်ကားဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားအရှေ့ပိုင်းရှိ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့၏ လက်နက်သိုလှောင်ရုံကို လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်ဖက် ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ