သေနတ်ဖြင့်ပစ်ခတ်ကာ ဆိုင်ကယ်နှင့် ဆွဲကြိုးအား လုယက်မှု ရေးမြို့နယ်တွင်ဖြစ်ပွား
Pearl (NP News) - မတ် ၄
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ကာ ဆိုင်ကယ်နှင့် ဆွဲကြိုးအား လုယက်ယူဆောင်သွားခဲ့ကြောင်း သောင်ပြင်ကယ်ဆယ်ရေးအသင်းမှ သတင်းရရှိသည်၊၊
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၄ ရက်) ၊ နေ့လည် (၁၂)နာရီအချိန်ခန့်တွင် ၊ ရေးမြို့နယ် ၊ သောင်ပြင်ကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၊ မော့်ကနင်ကျေးရွာတွင် နေထိုင်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် သောင်ပြင်ရွာအနီး ပင်လယ်စပ်တွင် ဆိုင်ကယ်အတူစီးနေစဉ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
"သောင်ပြင်ရွာနားက ပင်လယ်စပ်မှာ ကောင်လေးနဲ့ ကောင်မလေး ဆိုင်ကယ်အတူစီးနေတယ်၊ နောက်က အမျိုးသား (၂)ယောက်စီးလာတဲ့ ဆိုင်ကယ်ကနေ လှမ်းတားတယ်၊ အဲဒီတော့ ရှေ့က ဆိုင်ကယ်က မရပ်ပေးတော့ ပစ်လိုက်တာပါ"ဟု သောင်ပြင်ကယ်ဆယ်ရေး၏တာဝန်ရှိသူ တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
ထိုသို့ ပစ်ခတ်ခဲ့ပြီး ၎င်းတို့ (၂)ဦးထံမှ ဆိုင်ကယ်နှင့် ဆွဲကြိုးတစ်ကုံးအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် မိန်းကလေးတွင် ဝမ်းဗိုက်ဘယ်ဘက်ခြမ်း၌ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သောင်ပြင်ကယ်ဆယ်ရေး အသင်းထံမှ သိရသည်။
zawgyi version
ေသနတ္ျဖင့္ပစ္ခတ္ကာ ဆိုင္ကယ္ႏွင့္ ဆြဲႀကိဳးအား လုယက္မႈ ေရးၿမိဳ႕နယ္တြင္ျဖစ္ပြား
Pearl (NP News) - မတ္ ၄
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္တြင္ ေသနတ္ျဖင့္ပစ္ခတ္ကာ ဆိုင္ကယ္ႏွင့္ ဆြဲႀကိဳးအား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ေသာင္ျပင္ကယ္ဆယ္ေရးအသင္းမွ သတင္းရရွိသည္၊၊
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၄ ရက္) ၊ ေန႔လည္ (၁၂)နာရီအခ်ိန္ခန႔္တြင္ ၊ ေရးၿမိဳ႕နယ္ ၊ ေသာင္ျပင္ေက်း႐ြာတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေရးၿမိဳ႕နယ္၊ ေမာ့္ကနင္ေက်း႐ြာတြင္ ေနထိုင္ေသာ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔သည္ ေသာင္ျပင္႐ြာအနီး ပင္လယ္စပ္တြင္ ဆိုင္ကယ္အတူစီးေနစဥ္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
"ေသာင္ျပင္႐ြာနားက ပင္လယ္စပ္မွာ ေကာင္ေလးနဲ႔ ေကာင္မေလး ဆိုင္ကယ္အတူစီးေနတယ္၊ ေနာက္က အမ်ိဳးသား (၂)ေယာက္စီးလာတဲ့ ဆိုင္ကယ္ကေန လွမ္းတားတယ္၊ အဲဒီေတာ့ ေရွ႕က ဆိုင္ကယ္က မရပ္ေပးေတာ့ ပစ္လိုက္တာပါ"ဟု ေသာင္ျပင္ကယ္ဆယ္ေရး၏တာဝန္ရွိသူ တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
ထိုသို႔ ပစ္ခတ္ခဲ့ၿပီး ၎တို႔ (၂)ဦးထံမွ ဆိုင္ကယ္ႏွင့္ ဆြဲႀကိဳးတစ္ကုံးအား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ မိန္းကေလးတြင္ ဝမ္းဗိုက္ဘယ္ဘက္ျခမ္း၌ က်ည္ထိမွန္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေသာင္ျပင္ကယ္ဆယ္ေရး အသင္းထံမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုဒုံမြို့၌ နိုင်ငံတကာအဆင့်မီလေဆိပ်စီမံကိန်းစတင်ရန် တောင်သူ(၃၆ဝ)နီးပါးကို မြေယာလျော်ကြေးငွေ (၁၉)ဘီလျံ စတင်ပေးလျော်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း