မုဒုံမြို့၌ နိုင်ငံတကာအဆင့်မီလေဆိပ်စီမံကိန်းစတင်ရန် တောင်သူ(၃၆ဝ)နီးပါးကို မြေယာလျော်ကြေးငွေ (၁၉)ဘီလျံ စတင်ပေးလျော်
မျိုးကြီး (NP News) - မတ် ၅
မွန်ပြည်နယ်၊ မုဒုံမြို့၌ နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းစတင်ရန် တောင်သူ (၃၆ဝ)နီးပါးကို မြေယာလျော်ကြေးငွေကျပ် (၁၉)ဘီလျံအား စတင်ပေးလျော်လျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကော့ပရံကျေးရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းအတွက် မြေဧကပေါင်း ၃၄၄၇ ဒသမ ၄၂ ဧကကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ အသုံးပြုမည့်မြေဧကများအပေါ် တစ်ဧကလျှင် ငွေကျပ်သိန်း (၄ဝ)နှုန်းဖြင့် နိုင်ငံတော်မှ တောင်သူများအား ပေးလျော်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
“တောင်သူကဦးရေ (၃၆ဝ)နီးပါးလောက်ရှိတယ်။ အဲဒီ(၃၆ဝ)နီးပါးကို ကျွန်တော်တို့က ၁၉ ဘီလျံကျော် လျော်ပေးရမှာပေါ့။ မြေယာလျော်ကြေးတစ်ဧက သိန်း(၄ဝ) နှုန်းနဲ့ နိုင်ငံတော်က ပေးတယ်။ တခြားအပင်တွေဆိုရင်လည်း တန်ဖိုးတွက်ချက်ပြီးတော့ ပေါက်ဈေးနဲ့ သုံးဆလျော်ပေးထားတာရှိပါတယ်” ဟု မွန် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သော မတ်လ ၃ ရက်တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ တောင်သူ(၄၇)ဦးအား လျော်ကြေးငွေအဖြစ် ငွေကျပ် ၃ ဒသမ ၆၂၅ ဘီလျံကို မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကိုယ်တိုင် လက်ရောက်ပေးလျော်ခဲ့ကြောင်း သိရသည်။
“ပြောချင်တာကတော့ ငွေကို ချက်ချင်းပဲ ပျောက်တာပျက်တာမဖြစ်အောင် ချက်လက်မှတ်တစ်ခါတည်းပေးလိုက်တယ်။ သူတို့ကတော့ မော်လမြိုင်က ဘဏ်မှာလာထုတ်ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ တောင်သူ(၃၆ဝ)နီးပါးကို ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အပြီးပေးလျော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
မုဒုံၿမိဳ႕၌ ႏိုင္ငံတကာအဆင့္မီေလဆိပ္စီမံကိန္းစတင္ရန္ ေတာင္သူ(၃၆ဝ)နီးပါးကို ေျမယာေလ်ာ္ေၾကးေငြ (၁၉)ဘီလ်ံ စတင္ေပးေလ်ာ္
မ်ိဳးႀကီး (NP News) - မတ္ ၅
မြန္ျပည္နယ္၊ မုဒုံၿမိဳ႕၌ ႏိုင္ငံတကာအဆင့္မီအျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းစတင္ရန္ ေတာင္သူ (၃၆ဝ)နီးပါးကို ေျမယာေလ်ာ္ေၾကးေငြက်ပ္ (၁၉)ဘီလ်ံအား စတင္ေပးေလ်ာ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္ရွိ ေကာ့ပရံေက်း႐ြာအနီးတြင္ တည္ေဆာက္သြားမည္ျဖစ္ၿပီး ၎စီမံကိန္းအတြက္ ေျမဧကေပါင္း ၃၄၄၇ ဒသမ ၄၂ ဧကကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေလဆိပ္စီမံကိန္းႏွင့္ပတ္သက္၍ အသုံးျပဳမည့္ေျမဧကမ်ားအေပၚ တစ္ဧကလွ်င္ ေငြက်ပ္သိန္း (၄ဝ)ႏႈန္းျဖင့္ ႏိုင္ငံေတာ္မွ ေတာင္သူမ်ားအား ေပးေလ်ာ္လ်က္ရွိေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
“ေတာင္သူကဦးေရ (၃၆ဝ)နီးပါးေလာက္ရွိတယ္။ အဲဒီ(၃၆ဝ)နီးပါးကို ကြၽန္ေတာ္တို႔က ၁၉ ဘီလ်ံေက်ာ္ ေလ်ာ္ေပးရမွာေပါ့။ ေျမယာေလ်ာ္ေၾကးတစ္ဧက သိန္း(၄ဝ) ႏႈန္းနဲ႔ ႏိုင္ငံေတာ္က ေပးတယ္။ တျခားအပင္ေတြဆိုရင္လည္း တန္ဖိုးတြက္ခ်က္ၿပီးေတာ့ ေပါက္ေဈးနဲ႔ သုံးဆေလ်ာ္ေပးထားတာရွိပါတယ္” ဟု မြန္ ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူက ေျပာသည္။
ၿပီးခဲ့ေသာ မတ္လ ၃ ရက္တြင္ အျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းႏွင့္ပတ္သက္၍ ေတာင္သူ(၄၇)ဦးအား ေလ်ာ္ေၾကးေငြအျဖစ္ ေငြက်ပ္ ၃ ဒသမ ၆၂၅ ဘီလ်ံကို မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေအာင္ၾကည္သိန္းကိုယ္တိုင္ လက္ေရာက္ေပးေလ်ာ္ခဲ့ေၾကာင္း သိရသည္။
“ေျပာခ်င္တာကေတာ့ ေငြကို ခ်က္ခ်င္းပဲ ေပ်ာက္တာပ်က္တာမျဖစ္ေအာင္ ခ်က္လက္မွတ္တစ္ခါတည္းေပးလိုက္တယ္။ သူတို႔ကေတာ့ ေမာ္လၿမိဳင္က ဘဏ္မွာလာထုတ္ရမွာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ႏိုင္ငံတကာအဆင့္မီအျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းႏွင့္ပတ္သက္၍ ေတာင္သူ(၃၆ဝ)နီးပါးကို ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္အတြင္း အၿပီးေပးေလ်ာ္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီဘောက်ဆာတွဲကားကို ကျော်တက်ရာမှ ဆိုင်ကယ်နှင့်ဘောက်ဆာကား ယာဉ်တိုက်မှုဖြစ်ပွားပြီး (၁)ဦးသေဆုံးကာ (၁)ဦးစိုးရိမ်ရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း