လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ သေဆုံးမှု မန္တလေးမြို့၌ ဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၈
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးကို ကားနှင့်တိုက်၍ မောင်းနှင်ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့ (နိုဝင်ဘာလ ၈ ရက်)၊ နံနက် ၄နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့ သူက အဲဒီနားရပ်ကွက်ကပါ။ လမ်းလျှောက်နေတုန်းကို ကားနဲ့တိုက်ပြီးမောင်းပြေးသွားတယ်လို့ပဲသိရတယ်”ဟု မဏီစလလူမှု ကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ၄၁ လမ်းတွင်နေထိုင်သည့် အသက် (၃၀)ကျော်အမျိုးသားသည် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့လူက အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတာ။ ကားကတိုက်ပြီးထွက်ပြေးသွားတာဆိုတော့ ဘယ်လိုကြောင့်တိုက်တာလဲဆိုတာတွေမသိရသေးဘူး။ တိုက်ပြေးတဲ့ကားကိုလဲ သက်ဆိုင်ရာက လိုက်နေတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မဏီစလလူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူနှင့်ကားအားသက်ဆိုင်ရာမှ လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအုပ်စုနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကနေ နှုတ်ထွက်လိုက်ကြောင်း ရုရှားအစိုးရ ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း