မောင်းသူမဲ့လေယာဉ် (Drone) ကို အသုံးပြုလျက် သီးနှံစိုက်ပျိုးမှုစာရင်းကောက်ယူသည့်စနစ်ကို အကောင်အထည်ဖော်မည်
စော (NSS) - နိုဝင်ဘာ ၈
မောင်းသူမဲ့လေယာဉ် (Drone) ကို အသုံးပြုလျက် သီးနှံစိုက်ပျိုးမှုစာရင်းကောက်ယူသည့်စနစ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယမန်နေ့(နိုဝင်ဘာ ၇ ရက်) တွင် နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်တွင် ကျင်းပသော သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ အဆောက်အအုံဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာသည် မဲခေါင်- လန်ချန်း ပူးပေါင်းမှု အထူးရန်ပုံငွေ (၂ဝ၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
၎င်းစီမံကိန်းသည် လက်ရှိအချိန်တွင် လူအင်အားကို အသုံးပြု၍ သီးနှံစိုက်ပျိုးမှုစာရင်း ကောက်ယူသည့် အခြေ အနေမှ မောင်းသူမဲ့လေယာဉ် (Drone) ကို အသုံးပြုလျက် သီးနှံစိုက်ပျိုးမှုစာရင်းကောက်ယူသည့်စနစ်တစ်ခုကို ထူထောင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဝန်ကြီး ဦးမင်းနောင်က ဆိုသည်။
ထို့ပြင် Remote Sensing and GIS နည်းပညာကို အသုံးပြုပြီး အဆိုပါကောက်ယူရရှိသည့် စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းကိုပါ ဆန်းစစ်အကဲဖြတ်သည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂ဝ၁၇) ခုနှစ်မှ (၂ဝ၂၃) ခုနှစ်အထိ အသေးစား၊ အလတ်စား စီမံကိန်း စုစုပေါင်း (၁ဝ၆) ခု ဆောင်ရွက်ခဲ့ရာ စီမံကိန်း (၃၅) ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသား(၂)ဦးကို “သတင်းပေး၊ ဒလန်” ဟု ဆိုကာ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မတ္တရာမြို့၌ ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ