တရုတ်နိုင်ငံက ပိုးလမ်းမ စီမံကိန်းမှာ ပါဝင်နေတဲ့နိုင်ငံများထံကနေ အကြွေး အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်ရဖို့ ကျန်ရှိနေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၈
တရုတ်နိုင်ငံဟာ မြန်မာ အပါအဝင် နိုင်ငံပေါင်း ရာချီ ပူးပေါင်းဆောင်ရွက်မယ့် ပိုးလမ်းမရပ်ဝန်း စီမံကိန်းနဲ့ပတ်သက်ပြီး နိုင်ငံများထံကနေ အကြွေးစုစုပေါင်း ၁ ထရီလီယံကျော်ရဖို့ ကျန်ရှိနေသေးကြောင်း သိရပါတယ်။
အဆိုပါ ပိုးလမ်းမစီမံကိန်းဟာ ကမ္ဘာတဝန်းရှိ စီမံကိန်းတွေထဲမှာ အကြွေးအများဆုံးစီမံကိန်းဖြစ်လာဖွယ်ရှိနေ ကြောင်း သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ တရုတ်အစိုးရက ၎င်းတို့ဟာ ဥရုဂွေးနိုင်ငံကနေ သီရိလင်္ကာ နိုင်ငံအထိ နိုင်ငံပေါင်း ၁၅ဝ ကျော်ကို ပိုးလမ်းမစီမံကိန်းမှာ ပါဝင်ဖို့ လက်မှတ်ရေးထိုးထားကြောင်း၊ အဆိုပါ စီမံကိန်းကို ပြီးခဲ့တဲ့ ၁ဝ နှစ်ကျော်မှာ တရုတ်သမ္မတရှီကျင့်ဖျင့် ကမ္ဘာအကြီးဆုံးအခြေခံအဆောက်အဦးအဖြစ် လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
တရုတ်အစိုးရဟာ ပိုးလမ်းမစီမံကိန်းမှာ ပါဝင်မယ့် ဝင်ငွေနည်းနိုင်ငံတွေ၊ အလယ်အလတ်ဝင်ငွေရရှိတဲ့ နိုင်ငံတွေမှာ တံတားတွေ၊ ဆိပ်ကမ်းတွေနဲ့ အမြန်လမ်းတွေ တည်ဆောက်ရာမှာ လိုအပ်တဲ့ငွေကြေးကို အတိုးနဲ့ချေးယူပေးတာ မျိုးရှိနေကြောင်း ဆိုပါတယ်။
AidData အဖွဲ့ရဲ့အဆိုအရ ပိုးလမ်းမစိမံကိန်းမှာပါဝင်ပြီး တရုတ်နိုင်ငံထံကနေ အတိုးနဲ့ငွေကြေးချေးယူထားတဲ့ နိုင်ငံအားလုံးရဲ့တစ်ဝက်ကျော်ဟာ သတ်မှတ်ကာလအတွင်း အကြွေးများကို ပြန်လည်ပေးချေထားပြီးဖြစ်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက ဦးဆောင်ပြုလုပ်မယ့် ပိုးလမ်းမစီမံကိန်းမှာ နိုင်ငံပေါင်း ၁၆၅ နိုင်ငံ ပါဝင်နေပြီး စီမံကိန်းပေါင်းအနည်းဆုံး ၂၁ဝဝဝ၊ လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
"ဖွံ့ဖြိုးဆဲ ကမ္ဘာမှာ ငွေကြေးချေးယူသူတွေဟာ တရုတ်နိုင်ငံကို ငွေအရင်းအနှီးသာမက အတိုး အပါအဝင် စုစုပေါင်း ပေးဖို့ ကျန်ရှိနေတဲ့အကြွေးဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ ရှိနေတယ်”လို့ AidData က ဆိုပါတယ်။
တရုတ်အစိုးရဟာ စီမံကိန်းထဲမှာပါဝင်တဲ့ ဝင်ငွေနည်းနိုင်ငံတွေနဲ့ အလယ်အလတ်ဝင်ငွရရှိတဲ့နိုင်ငံတွေကို တစ်နှစ် အမေရိကန်ဒေါ်လာ ၈ဝ ဘီလျံကျော် အတိုးနဲ့ ချေးယူပေးတာ၊ ကူညီပေးတာတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မောင်းသူမဲ့လေယာဉ် (Drone) ကို အသုံးပြုလျက် သီးနှံစိုက်ပျိုးမှုစာရင်းကောက်ယူသည့်စနစ်ကို အကောင်အထည်ဖော်မည်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း