အမေရိကန်နိုင်ငံ၏ ကူညီပံ့ပိုးပေးမှုများကိုပဲ မှီခိုနေ၍မရကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော
Pika (NSS) - နိုဝင်ဘာ ၇
အမေရိကန်၏ ၂ဝ၂၄ သမ္မတရွေးကောက်ပွဲရလဒ်က မည်သို့ပင်ဖြစ်စေကာမူ ယူကရိန်းအစိုးရသည် ဥရောပရှိ နိုင်ငံများနှင့် မိတ်ဖက်အဖြစ် ဆက်ဆံရေးများထူထောင်နိုင်ရန် မျှော်လင့်နေသောကြောင့် ရုရှားနှင့်စစ်ပွဲကို ဆက်လက်တိုက်ပွဲဝင်နိုင်မည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဒီမစ်ထရီကူလီဘာက ထုတ်ဖော်ပြောခဲ့သည်။
၎င်းက "၂ဝ၂၄ ခုနှစ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့ ဆက်စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ အမေရိကန်ရဲ့ကူညီပံ့ပိုးမှုတွေအပေါ်မှာပဲ မှီခိုနေလို့မရတဲ့အတွက် ပြင်ဆင်မှုတွေကိုတော့ လုပ်ဆောင်နေပါတယ်။ ဥရောပမှာရှိတဲ့ နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပျက်သုဉ်းမှုတွေရှိလာမယ့်နေ့ ကို ကျွန်တော်တို့မကြောက်ဖူးလို့ ထင်ပါတယ်" ဟု ပြောခဲ့သည်။
မကြာသေးမီက ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ကျင်းပသော ဥရောပသမဂ္ဂတိုးချဲ့ရေးညီလာခံတွင် လက်နက်နှင့် ခဲယမ်မီးကျောက်များ ပူးတွဲထုတ်လုပ်ရန်အတွက် အဆိုပြုချက်ကို နိုင်ငံခြားရေးဝန်ကြီးများက အပြုသဘောဖြင့် လက်ခံခဲ့ကြောင်း ဒီမစ်ထရီကူလီဘာက ပြောကြားခဲ့သည်။
၎င်းက "ဒါကြောင့် ကျွန်တော်တို့ဟာ လက်နက်အမျိုးအစားအားလုံးကို ကိုယ်ပိုင်ထုတ်လုပ်နိုင်ဖို့၊ ထုတ်လုပ်မှု မြှင့်တင်ဖို့ နဲ့ စီးပွားရေးကို ပိုမိုမြှင့်တင်ဖို့အတွက် ငွေကြေးအမြောက်အမြားကို ရင်းနှီးမြှုပ်နှံနေပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ဒီစစ်ပွဲကို မနိုင်ခဲ့ဖူးဆိုရင် ဘယ်စစ်ပွဲကို သူတို့နိုင်မှာလဲ" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်(၂)နှစ်အတွင်း အမေရိကန်သည် ယူကရိန်းသို့ စစ်ရေးနှင့် ဘဏ္ဍာရေးအကူအညီများစွာကို ကူညီပံ့ပိုးပေး ခဲ့ကြောင်း သိရသည်။ ရုရှား နှင့် ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး အမေရိကန် စစ်ဌာနချုပ်ပင်တဂွန်က ယူကရိန်းသို့ပေးပို့ခဲ့သော စစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်းမီးကျည်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၄၄)ဘီလျံကျော်ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၇ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ