ဟားမက်စ်နှင့်စစ်ပွဲပြီးဆုံးချိန်တွင် ဂါဇာဒေသ၏ လုံခြုံရေးကဏ္ဍအားလုံးကို အပြည့်အဝထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၇
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးနိုင်ငံအနေဖြင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားနေသော စစ်ပွဲပြီးဆုံးပြီးနောက် ဂါဇာကမ်းမြောင်ဒေသ၏ အထွေထွေလုံခြုံရေးကို အပြည့်ထိန်းချုပ်ရယူသွားဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်သော ဟားမက်စ်သည် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို စတင် တိုက်ခိုက်ခဲ့ပြီးနောက် ပြန်ပေးဆွဲမှုများလုပ်ဆောင်ခဲ့ရာ အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်မှုများ လက်ရှိအချိန်အထိ လုပ်ဆောင်နေကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "အစ္စရေးနိုင်ငံဟာ ဂါဇာဒေသရဲ့လုံခြုံရေးကဏ္ဍာအားလုံးကို အပြည့်အ၀ ထိန်းချုပ်နိုင်ချိန်အထိ စစ်ပွဲကဆက်လက်ရှိနေမှာဖြစ်တယ်။ အစ္စရေးအစိုးရဟာ ဂါဇာဒေသ ရဲ့လုံခြုံရေးကဏ္ဍာ အားလုံးကို တာဝန်ယူထိန်းချုပ်သွားဖို့ ဆန္ဒရှိနေပါတယ်။ ကျွန်တော်တို့ဟာ ဂါဇာဒေသရဲ့လုံခြုံရေးကို တာဝန်ယူမှု မရှိဘူးဆိုရင် ဟားမက်စ်အဖွဲ့ရဲ့အကြမ်းဖက်မှုတွေ ပျံ့နှံ့နေဦးမှာဖြစ်ပါတယ်" ဟု ပြောသည်။
ထို့အပြင် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန် နှင့် ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်စေရန်အတွက် ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နည်းစနစ်ပိုင်း ဖြေလျော့ခြင်းများ လုပ်ဆောင်ဖွယ်ရှိနေကြောင်း ဆိုသည်။ သို့သော်လည်း အဆိုပါတိုက်ခိုက်မှု နည်းစနစ်လျော့သွားခြင်းသည် အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ခြင်းမျိုးမဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု က ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ကို ဝန်းရံပိတ်ဆို့ကာ ရေဖြတ်၊ မီးဖြတ်၊ အစားစာ နှင့် ဆေးဝါး၊ လောင်စာဆီများဖြတ်တောက်ခဲ့ရာ ဂါဇာဒေသရှိ ပါလက်စတိုင်းလူမျိုးများ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်ချက်မြင့်တက်လာနေကြောင်း ကုလသမဂ္ဂက ဆိုသည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကလေး ၄ဝဝဝ ကျော် အပါအဝင် ပါလက်စတိုင်းလူမျိုး ၁ သောင်းကျော် သေဆုံးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၌ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်သည့်အဖွဲ့အစည်းဖွဲ့ရန် EOI ခေါ်ယူ၊ အနည်းဆုံးဒေါ်လာ (၅)သန်းထည့်ဝင်နိုင်ရမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ