Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်တွင်းရေးစွက်ဖက်မှုများကို ဘယ်တော့မှသည်းခံမှာမဟုတ်ကြောင်း ကနေဒါအစိုးရ ထုတ်ဖော်သတိပေး

ဂျန်ဇက် (NP News) -‌ မတ် ၄

ကနေဒါနိုင်ငံရဲ့ ပြည်တွင်းရေးကို ပြည်ပနိုင်ငံများက ကြားဝင်စွက်ဖက်တာကို ဘယ်တော့မှသည်းခံမှာမဟုတ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးဟာG 20 ထိပ်သီးအစည်းအဝေးနားချိန်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး  Qin Gang နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ခုအတွင်း ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ကနေဒါ ထောက်လှမ်းရေးအဖွဲ့အရင်းမြစ်တွေက ဖော်ပြခဲ့ပြီးနောက် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဘက်က ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ကြောင်းသိရပါတယ်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက "ကနေဒါနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စများနဲ့ ဒီမိုကရေစီအရေးကိစ္စများကို တ ရုတ်နိုင်ငံဘက်က ကြားဝင်စွက်ဖက်မယ်ဆိုရင် သည်းခံမှာမဟုတ်ဘူး၊ ကနေဒါနိုင်ငံရဲ့ပိုင်နက်နယ်မြေ နဲ့အချုပ်အခြာ အာဏာပိုင်ဆိုင်မှုတွေကို ချိုးဖောက်ခံရတာမျိုး လက်ခံမှာမဟုတ်ဘူး၊ ကနေဒါ ပိုင်နက်နယ် မြေမှာ တရုတ်သံတမန်တွေရဲ့သံတမန်ရေး ချိုးဖောက်မှုတွေကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူး"လို့ပြောပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကနေဒါနိုင်ငံရှိ တရုတ်သံတမန်တွေဟာ ကနေဒါနိုင်ငံရဲ့ရွေးကောက်ပွဲကိုကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးကလည်း တရုတ်နိုင်ငံဟာ ကနေဒါနိုင်ငံရဲ့ပြည်တွင်းရေးကိုကြားဝင်စွက်ဖက်တာမျိုးတွေလုပ်ဆောင်ခဲ့ပေမယ့်လည်း ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲလုပ် ဆောင်နိုင်ခြင်းမရှိကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်နိုင်ငံက ကနေဒါနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက မှန်ကန်တဲ့အချက်လက်တွေအပေါ်အခြေခံခြင်းမရှိကြောင်း၊ အခြေအမြစ်မရှိကြောင်း တုံ့ပြန်ထားပါတယ်။

zawgyi version


ဂျန်ဇက် (NP News) -‌ မတ် ၎






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦး နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အတည်ပြု

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved