SME လုပ်ငန်းရှင်တစ်ဦးလျှင် ချေးငွေကျပ် သန်း(၅ဝဝ)အထိကို အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးထားကြောင်း ဒုဝန်ကြီးပြော
ယွန်း (NP News) - မတ် ၄
SME လုပ်ငန်းရှင်တစ်ဦးလျှင် ချေးငွေကျပ် သန်း(၅ဝဝ)အထိကို အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးထားကြောင်း သိရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မတ်လ(၃)ရက်တွင် နေပြည်တော်ရှိ ပြည် ထောင်စုဝန်ကြီးရုံး၌ ကျင်းပခဲ့သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
MSME လုပ်ငန်းများသို့ အတိုးနှုန်းသက်သာသည့် ချေးငွေများ ပံ့ပိုးနိုင်ရန်အတွက် SME လုပ်ငန်းရှင်တစ်ဦးလျှင် ချေးငွေကျပ် သန်း(၅ဝဝ) အထိကို အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးခဲ့ကြောင်း ဒုဝန်ကြီးကအသိပေးပြောဆိုထားသည်။
ထို့ပြင် ချေးငွေရယူလိုသည့် SME လုပ်ငန်းများကိုလည်း ချေးငွေအသစ်များ စဥ်ဆက်မပြတ်ထုတ်ချေးပေးလျက်ရှိကြောင်း ၎င်းမှဆက်လက်ပြောသည်။
MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သော ငွေကြေးထောက်ပံ့မှုများကို ကူညီနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်(၁)နှင့် အဆင့်(၂)တို့ကို ပြီးခဲ့သည့် (၂ဝ၁၆)ခုနှစ်မှစ၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းအဆင့်(၁)ကို (၂ဝ၁၆)ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ငွေကျပ် (၅၇ ဒသမ ၆၃၄)ဘီလျံဖြင့် မတည်ဆောင်ရွက်ခဲ့ပြီး SME လုပ်ငန်းရှင် (၂၆၉)ဦးအား ချေးငွေများထုတ်ချေးပေးနိုင်ခဲ့ကြောင်း ဒုဝန်ကြီးမှ ဆိုသည်။
ထို့နောက် ၎င်းတို့ပြန်လည်ပေးဆပ်သည့် ချေးငွေများကို လှည့်လည်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းပြီး အဆိုပါရန်ပုံငွေမှ SME လုပ်ငန်းရှင် (၂၈၃)ဦးအား ငွေကျပ်(၆၆ ဒသမ ၉၄၄)ဘီလျံ ထပ်မံထုတ်ချေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စီမံကိန်းအဆင့်(၁)တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၈)ရက်အထိ SME လုပ်ငန်းရှင် (၅၅၂)ဦးကို ငွေကျပ်(၁၂၄ ဒသမ ၅၇၈)ဘီလျံ ထုတ်ချေးနိုင်ခဲ့ကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။
အလားတူ စီမံကိန်းအဆင့်(၂)ကို (၂ဝ၁၈)ခုနှစ်၊ စက်တင်ဘာလတွင် ငွေကျပ်(၁၉၄ ဒသမ ၉၆၅)ဘီလျံဖြင့် မတည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအဆင့်(၂)တွင်လည်း ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်အထိ SME လုပ်ငန်းရှင် (၁၅၆ဝ)ဦးကို ငွေကျပ် (၂၆၁ ဒသမ ၂၅၁)ဘီလျံ ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် SME လုပ်ငန်းရှင်များအတွက် အရေးပေါ်ချေးငွေများ ထုတ်ချေးခဲ့ရာ လုပ်ငန်းရှင် (၅၇၄)ဦးသို့ ငွေကျပ်(၇၁ ဒသမ ၇၃၁)ဘီလျံ ထုတ်ချေးနိုင်ခဲ့ကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။
zawgyi version
SME လုပ္ငန္းရွင္တစ္ဦးလွ်င္ ေခ်းေငြက်ပ္ သန္း(၅ဝဝ)အထိကို အရစ္က်ျပန္ဆပ္စနစ္ျဖင့္ ထုတ္ေခ်းထားေၾကာင္း ဒုဝန္ႀကီးေျပာ
ယြန္း (NP News) - မတ္ ၄
SME လုပ္ငန္းရွင္တစ္ဦးလွ်င္ ေခ်းေငြက်ပ္ သန္း(၅ဝဝ)အထိကို အရစ္က်ျပန္ဆပ္စနစ္ျဖင့္ ထုတ္ေခ်းထားေၾကာင္း သိရသည္။
ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက မတ္လ(၃)ရက္တြင္ ေနျပည္ေတာ္ရွိ ျပည္ ေထာင္စုဝန္ႀကီး႐ုံး၌ က်င္းပခဲ့ေသာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
MSME လုပ္ငန္းမ်ားသို႔ အတိုးႏႈန္းသက္သာသည့္ ေခ်းေငြမ်ား ပံ့ပိုးႏိုင္ရန္အတြက္ SME လုပ္ငန္းရွင္တစ္ဦးလွ်င္ ေခ်းေငြက်ပ္ သန္း(၅ဝဝ) အထိကို အရစ္က် ျပန္ဆပ္စနစ္ျဖင့္ ထုတ္ေခ်းခဲ့ေၾကာင္း ဒုဝန္ႀကီးကအသိေပးေျပာဆိုထားသည္။
ထို႔ျပင္ ေခ်းေငြရယူလိုသည့္ SME လုပ္ငန္းမ်ားကိုလည္း ေခ်းေငြအသစ္မ်ား စဥ္ဆက္မျပတ္ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း ၎မွဆက္လက္ေျပာသည္။
MSMEs လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္မွ လိုအပ္ေသာ ေငြေၾကးေထာက္ပံ့မႈမ်ားကို ကူညီႏိုင္ရန္ SME ႏွစ္ဆင့္ေခ်းေငြစီမံကိန္း အဆင့္(၁)ႏွင့္ အဆင့္(၂)တို႔ကို ၿပီးခဲ့သည့္ (၂ဝ၁၆)ခုႏွစ္မွစ၍ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
စီမံကိန္းအဆင့္(၁)ကို (၂ဝ၁၆)ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစ၍ ေငြက်ပ္ (၅၇ ဒသမ ၆၃၄)ဘီလ်ံျဖင့္ မတည္ေဆာင္႐ြက္ခဲ့ၿပီး SME လုပ္ငန္းရွင္ (၂၆၉)ဦးအား ေခ်းေငြမ်ားထုတ္ေခ်းေပးႏိုင္ခဲ့ေၾကာင္း ဒုဝန္ႀကီးမွ ဆိုသည္။
ထို႔ေနာက္ ၎တို႔ျပန္လည္ေပးဆပ္သည့္ ေခ်းေငြမ်ားကို လွည့္လည္ရန္ပုံေငြစာရင္းတြင္ ထည့္သြင္းၿပီး အဆိုပါရန္ပုံေငြမွ SME လုပ္ငန္းရွင္ (၂၈၃)ဦးအား ေငြက်ပ္(၆၆ ဒသမ ၉၄၄)ဘီလ်ံ ထပ္မံထုတ္ေခ်းႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စီမံကိန္းအဆင့္(၁)တြင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၂၈)ရက္အထိ SME လုပ္ငန္းရွင္ (၅၅၂)ဦးကို ေငြက်ပ္(၁၂၄ ဒသမ ၅၇၈)ဘီလ်ံ ထုတ္ေခ်းႏိုင္ခဲ့ေၾကာင္း ဦးေမာင္ေမာင္ဝင္းက ဆိုသည္။
အလားတူ စီမံကိန္းအဆင့္(၂)ကို (၂ဝ၁၈)ခုႏွစ္၊ စက္တင္ဘာလတြင္ ေငြက်ပ္(၁၉၄ ဒသမ ၉၆၅)ဘီလ်ံျဖင့္ မတည္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ စီမံကိန္းအဆင့္(၂)တြင္လည္း ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ(၂၈)ရက္အထိ SME လုပ္ငန္းရွင္ (၁၅၆ဝ)ဦးကို ေငြက်ပ္ (၂၆၁ ဒသမ ၂၅၁)ဘီလ်ံ ထုတ္ေခ်းၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ထိခိုက္ခဲ့သည့္ SME လုပ္ငန္းရွင္မ်ားအတြက္ အေရးေပၚေခ်းေငြမ်ား ထုတ္ေခ်းခဲ့ရာ လုပ္ငန္းရွင္ (၅၇၄)ဦးသို႔ ေငြက်ပ္(၇၁ ဒသမ ၇၃၁)ဘီလ်ံ ထုတ္ေခ်းႏိုင္ခဲ့ေၾကာင္း ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က ကမ္ဘာ့နိုင်ငံများအနက် နျူကလီးယားခြိမ်းခြောက်မှုအရှိဆုံးနိုင်ငံဖြစ်ကြောင်း တရုတ်အစိုးရဝေဖန်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း