နယူးကာဆယ်အသင်း ရရှိခဲ့သော ဂိုးမှာ မပေးသင့်ခဲ့သော ဂိုးမျိုးဖြစ်ကြောင်း အာဆင်နယ်နည်းပြ ဝေဖန်
Pika (NSS) - နိုဝင်ဘာ ၅
အာဆင်နယ်အသင်းနှင့် နယူးကာဆယ်အသင်းတို့ကစားခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နယူးကာဆယ်အသင်း က သွင်းယူနိုင်ခဲ့သော သွင်းဂိုးမှာ အရှက်ရစရာသွင်းဂိုးတစ်ခုဖြစ်ကြောင်း အာဆင်နယ်နည်းပြအာတီတာက ထုတ်ဖော်ပြောခဲ့သည်။
ပွဲချိန်(၆၄)မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော နယူးကာဆယ်အသင်းတောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်၏ သွင်းဂိုးကို VAR ကြည့်ကာ ဂိုးအဖြစ်ပေးခဲ့မှုကို အာဆင်နယ်နည်းပြအာတီတာက စိတ်ဆိုးဒေါသထွက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါပွဲစဉ်အတွက် တာဝန်ရှိသူများသည် VAR စစ်ဆေးမှုသုံးကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ဒိုင်လူကြီး များသည် VAR စစ်ဆေးမှုကို ငါးမိနစ်ကြာ ပြုလုပ်ခဲ့ပြီးနောက် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဆင်နယ်နည်းပြအာတီတာ က "နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော့်အသင်းရဲ့ ကစားသမား တွေရဲ့ခြေစွမ်းနဲ့ ကစားနိုင်စွမ်းတွေကို တကယ်ချီးကျူးပါတယ်။ အမှန်တကယ်တော့ အဲ့ဒီဂိုးက မပေးခဲ့သင့်ပါဘူး။ အဲဒီအတွက် အကြောင်းပြချက်က အများကြီးရှိပါတယ်။ ဒီနေ့ပွဲစဉ်မှာ အနိုင်ရရှိသင့်တဲ့ အသင်းကိုပြောပါဆိုရင် အဲဒါဟာ အာဆင်နယ်အသင်းပါပဲ" ဟု ပြောခဲ့သည်။
Comments :
1 comments
1 year ago - 7:22 am - Nov 6, 2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၅ ရက်အတွင်းဖြစ်ပွားခဲ့သည့် မြန်မာအရေးနှင့် ကမ္ဘာတစ်ဝန်းက သတင်းများ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း