ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံနှင့် စေတီများကို အမြန်ဆုံးပြန်လည် ပြင်ဆင်မည်
ယွန်း - NP News
မန္တလေးတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို အမြန်ဆုံးပြန်လည် ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅)ရက်၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဒီဇင်ဘာလ(၁၅)ရက်၊ နံနက်(၃)နာရီကျော်အချိန်၌ မန္တလေး နှင့် တံတားဦးမြို့တို့တွင် ရစ်(ခ်)တာစကေး (၅ ဒသမ ၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ရှေးဟောင်းအဆောက်အအုံများ၏ ထိခိုက်ပျက်စီးမှု အခြေအနေများအား ၎င်းဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ကွင်းဆင်းစစ်ဆေးမှုများအရ အင်းဝစည်တိုပုံ မြို့ရိုးအတွင်းရှိ သစ္စာတိုက် (ရတနာဘုံမ်သာ)ဘုရားနှင့် မယ်နုအုတ်ကျောင်း၏မြောက်ဘက်ခြမ်းတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မန္တလေးမြို့ မြနန်းစံကျော်ရွှေနန်းတော် အပါအဝင် နန်းခုံအပေါ်ရှိ အရှေ့ဘက်နှင့် မြောက်ဘက်ခြမ်း ကြမ်းခင်းများ ကွဲအက်ပျက်စီးခဲ့ကြောင်း အဆိုပါဌာနမှ ထုတ်ပြန်ထားသည်။အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ မြသိန်းတန်စေတီ၏ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော်များ မြေခခဲ့ပြီး တောင်ဘက်ရှိ ခြင်္သေ့ကြီး၏ ယခင်ပဲ့ထားသည့် လက် မောင်းနေရာမှ အုတ်များထပ်မံပဲ့ကျပျက်စီးခဲ့၍ စက်တော်ရာဘုရား မြောက်ဘက် အပေါ်ပိုင်း အက်ကွဲခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ရှေးဟောင်းအဆောက်အဦများ အပါအဝင် စေတီ(၇)ဆူနှင့် ဆင်းတုတော်(၁၂)ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါ ကောက်ယူထားသည့် စာရင်းများအရ ပျက်စီးခဲ့သော ရှေးဟောင်းအ ဆောက်အဦများကို ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အသိ ပေး ထုတ်ပြန်ထားသည်။
zawgyi version
ငလ်င္ေၾကာင့္ ပ်က္စီးခဲ့သည့္ ေရွးေဟာင္းအေဆာက္အအုံႏွင့္ ေစတီမ်ားကို အျမန္ဆုံးျပန္လည္ ျပင္ဆင္မည္
ယြန္း - NP News
မႏၲေလးတြင္ လႈပ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္ ပ်က္စီးခဲ့သည့္ ေရွးေဟာင္းအေဆာက္အအုံမ်ားကို အျမန္ဆုံးျပန္လည္ ျပင္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၁၅)ရက္၊ ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ဒီဇင္ဘာလ(၁၅)ရက္၊ နံနက္(၃)နာရီေက်ာ္အခ်ိန္၌ မႏၲေလး ႏွင့္ တံတားဦးၿမိဳ႕တို႔တြင္ ရစ္(ခ္)တာစေကး (၅ ဒသမ ၂) အဆင့္ရွိ အင္အားအသင့္အတင့္ရွိေသာ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ျခင္းျဖစ္သည္။အဆိုပါ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ေရွးေဟာင္းအေဆာက္အအုံမ်ား၏ ထိခိုက္ပ်က္စီးမႈ အေျခအေနမ်ားအား ၎ဌာနမွ ကြင္းဆင္းစစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ကြင္းဆင္းစစ္ေဆးမႈမ်ားအရ အင္းဝစည္တိုပုံ ၿမိဳ႕႐ိုးအတြင္းရွိ သစၥာတိုက္(ရတနာဘုံမ္သာ)ဘုရားႏွင့္ မယ္ႏုအုတ္ေက်ာင္း၏ေျမာက္ဘက္ျခမ္းတြင္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ မႏၲေလးၿမိဳ႕ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ အပါအဝင္ နန္းခုံအေပၚရွိ အေရွ႕ဘက္ႏွင့္ ေျမာက္ဘက္ျခမ္း ၾကမ္းခင္းမ်ား ကြဲအက္ပ်က္စီးခဲ့ေၾကာင္း အဆိုပါဌာနမွ ထုတ္ျပန္ထားသည္။အလားတူ စစ္ကိုင္းတိုင္းအတြင္းရွိ ျမသိန္းတန္ေစတီ၏ စိန္ဖူးေတာ္ႏွင့္ ငွက္ျမတ္ နားေတာ္မ်ား ေျမခခဲ့ၿပီး ေတာင္ဘက္ရွိ ျခေသၤ့ႀကီး၏ ယခင္ပဲ့ထားသည့္ လက္ ေမာင္းေနရာမွ အုတ္မ်ားထပ္မံပဲ့က်ပ်က္စီးခဲ့၍ စက္ေတာ္ရာဘုရား ေျမာက္ဘက္ အေပၚပိုင္း အက္ကြဲခဲ့ေၾကာင္း သိရသည္။ငလ်င္လႈပ္ခတ္မႈေၾကာင့္ ေရွးေဟာင္းအေဆာက္အဦမ်ား အပါအဝင္ ေစတီ(၇)ဆူႏွင့္ ဆင္းတုေတာ္(၁၂)ဆူ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါ ေကာက္ယူထားသည့္ စာရင္းမ်ားအရ ပ်က္စီးခဲ့ေသာ ေရွးေဟာင္းအ ေဆာက္အဦမ်ားကို ျပန္လည္ထိန္းသိမ္းေရးလုပ္ငန္းမ်ား အျမန္ဆုံးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ အသိ ေပး ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာမွေမြို့နယ်ရှိ ပွဲဈေးတန်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တောင်းရမ်းစားသောက်နေသည့် သားအမိ(၂)ဦး ထိခိုက်ဒဏ်ရာရရှိ