တာမွေမြို့နယ်ရှိ ပွဲဈေးတန်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တောင်းရမ်းစားသောက်နေသည့် သားအမိ(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
NP News - ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ပွဲဈေးတန်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တောင်း ရမ်းစားသောက်နေသည့် သားအမိ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၃ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျား ကွက်သစ်ရပ်ကွက်၊ နိဂြောဓလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့များနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ကျားကွက်သစ်ရပ်ကွက်၊ နိဂြောဓလမ်းတွင် ပွဲဈေးတန်းရှိနေစဉ်အချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ရပ်ကွက်များအတွင်း လှည့်လည်တောင်းရမ်းစားသောက်နေသည့် အသက်(၃၂)နှစ်အရွယ် မိခင်ဖြစ်သူနှင့် (၃)နှစ်အရွယ် သားဖြစ်သူတို့သည် နိဂြောဓလမ်းရှိ နေအိမ်တစ်ခု၏ အိမ်ရှေ့မှ ကြွပ်ကြွပ်အိတ်တစ်ထုပ်အား ကောက်ယူကာ ဖွင့်ကြည့်စဉ် ၎င်းအထုပ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် တောင်းရမ်းစားသောက်နေသည့် သားအမိနှစ်ဦးမှာ လက် ချောင်းများပြတ်ထွက်ခြင်းအပြင် ခြေထောက်နှင့်ခန္ဓာကိုယ်တို့တွင် ဗုံးစထိမှန်ဒဏ် ရာများရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါသားအမိနှစ်ဦးအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
zawgyi version
တာေမြၿမိဳ႕နယ္ရွိ ပြဲေဈးတန္းအနီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ေတာင္းရမ္းစားေသာက္ေနသည့္ သားအမိ(၂)ဦး ထိခိုက္ဒဏ္ရာရရွိ
NP News - ဒီဇင္ဘာ ၂၄
ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္ရွိ ပြဲေဈးတန္းအနီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ေတာင္း ရမ္းစားေသာက္ေနသည့္ သားအမိ(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္
။ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၂၃ ရက္၊ ည ၉ နာရီအခ်ိန္ခန႔္တြင္ တာေမြၿမိဳ႕နယ္၊ က်ား ကြက္သစ္ရပ္ကြက္၊ နိေျဂာဓလမ္းတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ က်ားကြက္သစ္ရပ္ကြက္၊ နိေျဂာဓလမ္းတြင္ ပြဲေဈးတန္းရွိေနစဥ္အခ်ိန္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ရပ္ကြက္မ်ားအတြင္း လွည့္လည္ေတာင္းရမ္းစားေသာက္ေနသည့္ အသက္(၃၂)ႏွစ္အ႐ြယ္ မိခင္ျဖစ္သူႏွင့္ (၃)ႏွစ္အ႐ြယ္ သားျဖစ္သူတို႔သည္ နိေျဂာဓလမ္းရွိ ေနအိမ္တစ္ခု၏ အိမ္ေရွ႕မွ ႂကြပ္ႂကြပ္အိတ္တစ္ထုပ္အား ေကာက္ယူကာ ဖြင့္ၾကည့္စဥ္ ၎အထုပ္မွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ ေတာင္းရမ္းစားေသာက္ေနသည့္ သားအမိႏွစ္ဦးမွာ လက္ ေခ်ာင္းမ်ားျပတ္ထြက္ျခင္းအျပင္ ေျခေထာက္ႏွင့္ခႏၶာကိုယ္တို႔တြင္ ဗုံးစထိမွန္ဒဏ္ ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါသားအမိႏွစ္ဦးအား သဃၤန္းကြၽန္းစံျပေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးလ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂ၏ စနစ်များက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန် အထောက်အပံ့ဖြစ်သင့်ကြောင်း အိန္ဒိယအစိုးရ တိုက်တွန်း