တောင်သာမြို့နယ်၌ PDF အဖွဲ့က အမျိုးသား(၂)ဦးကို သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများ လုယက်ယူဆောင်
NSS - နိုဝင်ဘာ ၅
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် PDF အဖွဲ့က ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၂)ဦးအား သေနတ် ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (နိုဝင်ဘာလ ၂ ရက်)၊ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် တောင်သာမြို့နယ်၊ ကင်းဇလုတ် ကျေးရွာနှင့် (၂)မိုင်ခန့်အကွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကင်းဇလုတ်ကျေးရွာနေ ဦးစန်းအောင်(၆၂)နှစ်နှင့် ဦးကံဝင်း(၅၂)နှစ်တို့သည် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရန် ဆိုင်ကယ်(၂) စီးဖြင့် ဇဂျမ်းကျေးရွာသို့ သွားရောက်စဉ် အခင်းဖြစ်နေရာအရောက် PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးစန်းအောင်တွင် ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဦးကံဝင်းတွင် မေးရိုးယာ ဘက်အောက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ PDF အဖွဲ့ဝင်များ သည် ဦးကံဝင်းစီးနင်းလာသည့် ဆိုင်ကယ်နှင့် ဖုန်းအပြင် ငွေကျပ်(၅ဝဝဝဝဝ)တို့အား လုယက်ယူဆောင်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများနှင့် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေး၊ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူ နိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေကြောင်းလက်တွေ့ပစ်ခတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်၍ သင်္ဘောများနှင့် လေယာဉ်များ ဖြတ်သန်းခြင်း မပြုရန် အသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း