လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ လာအိုနိုင်ငံခြားရေးဝန်ကြီးကို ရှင်းလင်းပြောကြားခဲ့
ကျော် (NSS) - နိုဝင်ဘာ ၄
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြတ်သက်ဦးမှ လာအိုနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအား ရှင်းလင်းပြောကြားခဲ့သည်။
လာအိုနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Saleumxay KOMMASITH အား မြန်မာ သံအမတ်ကြီးဦးမြတ်သက်ဦးမှ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက လာအိုနိုင် ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံတို့ကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ အွန်လိုင်းလောင်းကစား၊ ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှု နှင့် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုများကို ပူးပေါင်းနှိမ်နင်း ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နောက်ခံသမိုင်းကြောင်း၊ တိုက်ပွဲများဖြစ်ပွားရသည့် ပကတိအခြေအနေ တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အတူ လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေတည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်နေမှုများ၊ အကြမ်းဖက်လုပ်ရပ် များ၊ မြန်မာအစိုးရမှ အွန်လိုင်းလောင်းကစားမှုများ နှင့် ငွေကြေးလိမ်လည်မှုများကို ထိထိရောက်ရောက် အရေးယူနေမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် မဟုတ်မမှန်သတင်းမှားများအား ချေဖျက်နိုင်ရန် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီဖြန့်ဝေနိုင်ရေးကို လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်၌ ဆိုင်ကယ်မောင်းသူအမျိုးသမီးတစ်ဦး မြေသယ်ကားဘီးကျွတ်မှန်၍ ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ