အလုံမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွား
သန့်ဇင်(NSS) - နိုဝင်ဘာ ၃
ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။
မီးလောင်မှုသည့် ယနေ့ (နိုဝင်ဘာလ ၃ ရက်)၊ နံနက် ၁၁နာရီ ၃၃မိနစ်အချိန်တွင် အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း နှင့် အောက်ကြည့်မြင်တိုင်လမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးလောင်မှုဖြစ်စဉ်ကတော့ ကျွန်တော်တို့လဲမသိရသေးဘူးဗျ။ လောင်တဲ့အခန်းကတော့ (၆)လွှာကတိုက်ခန်းပေါ့နော်။ မီးကလောင်တာက တစ်ခန်းလုံးနီးပါကို လောင်တာ။ အိမ်ရှေ့ဝရန်တာလောက်ပဲကျန်ခဲ့တာပေါ့” ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက NSS ကိုပြောသည်။
အဆိုပါ တိုက်ခန်းမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း တိုက်ခန်းအတွင်းပိုင်းပစ္စည်းအချို့မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတိုက်ခန်းမီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် အနာဂတ်အလင်း တန်းပရဟိတအသင်းတို့မှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာနှင့် မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းအား ကူညီထောက်ပံပေးနေခြင်းကို အမေရိကန်ပြည်သူအများစုလိုလားမှုမရှိဟု စစ်တမ်းတစ်ခုတွင်ဖော်ပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း