ခါရာဘောင်ဆုဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသည့်အတွက် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိကြောင်း အာဆင်နယ်နည်းပြ ထုတ်ဖော်ပြော
Pika (NSS) - နိုဝင်ဘာ ၂
အာဆင်နယ်အသင်းသည် ဝက်စ်ဟမ်းအသင်းနှင့် ကစားခဲ့သည့်ခါရာဘောင်ဆုဖလားပြိုင်ပွဲတွင် (၃)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိကြောင်း အာဆင်နယ်နည်းပြအာတီတာက ထုတ်ဖော်ပြောခဲ့သည်။
နည်းပြအာတီတာသည် ဝက်စ်ဟမ်းအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်အစတွင် အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ဒီကလန်ရွိုက်စ်၊ ဆာကာ နှင့် အိုဒီဂါ့ဒ်တို့ကို အရန်ခုံတွင်သာ ထားခဲ့ကြောင်း သိရသည်။
အာတီတာ က "ကျွန်တော်တကယ်ကို စိတ်ပျက်မိပါတယ်။ ခါရာဘောင်ဆုဖလားပြိုင်ပွဲကနေ အာဆင်နယ်အသင်း ထွက်ခဲ့ရတာဟာ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ တကယ်ယှဉ်ပြိုင်မှုပြင်းထန်တဲ့ကစားပွဲကို ကစားချင်ခဲ့တာပါ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့မတူညီတဲ့ပုံစံနဲ့ ကစားခဲ့ချင် ပေမယ့် အဲဒီလိုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ကစားပွဲတစ်ခုကို ရှုံးတိုင်း နာကျင်ခံစားရပါတယ်။ ဒီနာကျင်မှု တွေနဲ့ ရှုံးနိမ့်မှုတွေကို အသုံးပြုပြီး လာမယ့်နိုဝင်ဘာလ(၅)ရက်မှာ နယူးကာဆယ်အသင်းနဲ့ကစားမယ့် ပရီးမီးယား လိဂ်ပွဲစဉ်မှာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်အောင် ပြင်ဆင်သွားမှာပါ" ဟု ပြောခဲ့သည်။
အာဆင်နယ်အသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁ဝ)ပွဲ ကစားထားပြီး ရမှတ်(၂၄)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၂)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။ ခါရာဘောင်ဖလား ကွာတားဖိုင်နယ်ကို ကစားရမည့် အသင်းများမှာ အယ်ဗာတန်၊ ဖူဟမ်၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ ပေါ့ဒ်ဗေးလ်၊ မစ်ဒယ်ဘရော့၊ လီဗာပူးလ် နှင့် ဝက်စ်ဟမ်းအသင်းတို့ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ယူရေနီယမ်ဈေးနှုန်းများ (၁၅)နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း