ကမ္ဘောဒီးယားလက်ဝှေ့ကျော်နဲ့ မထိုးသတ်ခင် ဝန်ကြီးချုပ်ဟွန်မာနက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြန်မာလက်ဝှေ့ကျော် ဒေဝ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ဟာ ၎င်းနဲ့တွေ့ဆုံဖို့တောင်းဆိုထားတဲ့ ကနေဒါနိုင်ငံသား မြန်မာရိုးရာ လက်ဝှေ့သမားဒေဝနဲ့ တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေကြောင်း ကမ္ဘောဒီးယားအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာလက်ဝှေ့ ကမ္ဘာချန်ပီယံဆုကို ရရှိခဲ့ဖူးတဲ့ဒေဝဟာ ကမ္ဘောဒီးယားခမာလက်ဝှေ့သမား ပရမ်ဆမ်နမ်နဲ့ နိုဝင်ဘာလ ၄ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒေဝ က "ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်နဲ့တွေ့ဆုံဆွေးနွေးခွင့်ရလို့ ဂုဏ်ယူပါတယ်။ စိတ်လှုပ်ရှားမှုတွေ လည်း ဖြစ်မိပါတယ်။ ဝန်ကြီးချုပ်ဟွန်မာနက်ဟာ မြန်မာ-ကမ္ဘောဒီးယား ရိုးရာလက်ဝှေ့ပညာဖလှယ်မယ့် ပွဲစဉ်ကို စိတ်ဝင်စားနေတာကို ဂုဏ်ယူပါတယ်။ ကျွန်တော် နဲ့ ပရမ်ဆမ်နမ်တို့ ထိုးသတ်မယ့်ပွဲစဉ်က ကမ္ဘာကို အကောင်းဆုံးလက်ဝှေ့ပွဲတစ်ပွဲဖြစ်တယ်ဆိုတာကို ပြသသွားဖို့ ကတိပေးထားတယ်" လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟွန်မာနက် က "ကမ္ဘောဒီးယားနဲ့ ခမာရိုးရာလက်ဝှေ့ပညာကို ချစ်ခင်နှစ်သက်မှုတွေ ရှိနေတဲ့အတွက် ဒေဝကို ကျေးဇူးတင်ပါတယ်။ ဒေဝ အနေနဲ့ ဒီပွဲစဉ်မှာ အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
ဒေဝဟာ မြန်မာနိုင်ငံရဲ့အခြေအနေများကို ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်ခဲ့တဲ့အတွက် မြန်မာရိုးရာလက်ဝှေ့ အဖွဲ့ချုပ် (MTLF) ဟာ ဒေဝကို မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာပွဲစဉ်များ ပါဝင်ယှဉ်ပြိုင်ခြင်းကနေ တားဆီးပိတ်ပင်ခဲ့ ကြောင်းသိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ ဒေဝဟာ ကမ္ဘောဒီးယားလက်ဝှေ့ကျော် ပရမ်ဆမ်နမ် နဲ့ ထိုးသတ် မယ့်ပွဲစဉ်အပြီးမှာ လက်ဝှေ့သမားအဖြစ်ကနေ အနားယူဖွယ်ရှိနေကြောင်း သိရပါတယ်။
ဒေဝဟာ အတွေ့ကြုံရင့်ကျက်တဲ့ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီး မြန်မာလက်ဝှေ့ပွဲစဉ်တွေမှာ ရှုံးပွဲမရှိဘဲ ကမ္ဘာ့ လက်ဝှေ့ချန်ပီယံဆုကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားလက်ဝှေ့သမား ပရမ်ဆမ်နမ်ဟာ ကမ္ဘောဒီးယားလက်ဝှေ့ကျော်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၂၃ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း ကို အနိုင်ယူကာ ချန်ပီယံဆုရရှိခဲ့သူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးနှင့် ကမ္ဘာတစ်ဝန်းက ၂၄ နာရီအတွင်းသတင်းများ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း