Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov 1/ 7:00 PM)

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁

ရုရှားအစိုးရဟာ ဆီးရီးယားနိုင်ငံကိုတိုက်ခိုက်ဖွယ်ရှိနေတဲ့အစ္စရေးနိုင်ငံကို သတိပေးပြောဆိုလိုက်ပြီး အရှေ့အလယ် ပိုင်းဒေသကို စစ်ပွဲကူးစက်ပျံ့နှံ့လာမှာကို လုံးဝလက်မခံနိုင်ကြောင်း ပြောပါတယ်။ 

ဆီးရီးယားနိုင်ငံအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားနိုင်ငံခြား ရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

ဘိုလီဗီးယားနိုင်ငံဟာ ဂါဇာဒေသရှိ ပါလက်စတိုင်း လူမျိုးတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း သိရပါတယ်။ ဘိုလီဗီးယား နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ဂါဇာဒေသအပေါ်ပြုလုပ်နေတဲ့ အစ္စရေးရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ၊ ရန်လိုမှုတွေကို ပြစ်တင်ရှုတ်ချကြောင်း၊ အစ္စရေးနိုင်ငံ နဲ့ သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ကြောင်း ပြောပါတယ်။ 

ယူကရိန်း၊ အစ္စရေးနိုင်ငံတို့ကို စစ်ရေးအကူအညီဘတ်ဂျက် ချပေးရေးနဲ့ပတ်သက်ပြီး အမေရိကန်အထက် လွှတ်တော်အတွင်း ဆွေးနွေးပွဲကျင်းပနေချိန်အတွင်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူများဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ဖိအားပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် အနိုင်ရအောင် အလုပ်ကို အကောင်းဆုံးလုပ်ကိုင်သွားမှာဖြစ်ကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် နိုင်ပွဲရယူနိုင်ချိန်အထိ တိုက်ခိုက် သွားမှာဖြစ်ကြောင်း၊ စစ်ပွဲကခက်ခဲပြီး အချိန်ကြာရှည်နိုင်ကြောင်း ပြောပါတယ်။


အစ္စရေးတပ်ဖွဲ့တွေဟာအောက်တိုဘာ ၂၇ ရက်မှာ ဂါဇာဒေသကိုမြေပြင်ထိုးစစ်ဆင်နွှဲနေပြီး ဟားမက်စ်အဖွဲ့များနဲ့ အပြန်အလှန်တိုက်ခိုက်နေကြောင်း သိရပါတယ်။

အစ္စရေးနိုင်ငံရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဂျေရုဆလင်မြို့ အပါအဝင် အနောက်ဘက်ကမ်းခြေရှိ မြို့များ မှာ အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေကိုပြစ်တင်ရှုတ်ချတဲ့ ဆန္ဒပြပွဲများ အောက်တိုဘာ ၃၁ ရက်က လုပ်ဆောင်ခဲ့ပြီး တက္ကသိုလ်များ၊ ဈေးဆိုင်များ၊ ဘဏ်များ ပိတ်ထားခဲ့ရကြောင်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာ ဒေသမှာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၈၅ဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။ 

အနောက်ဘက်ကမ်းခြေဒေသမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက တင်းမာမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။ 

အစ္စရေးရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၃၁ ရက်က Jabalia ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ပြန်ပေးဆွဲခံရသူ ၇ ဦး သေဆုံးသွားခဲ့ကြောင်း၊ အဲဒီသေဆုံးသူတွေထဲမှာ နိုင်ငံခြား ပတ်စပိုစ့် ကိုင်ဆောင် ထားသူ ၃ ဦး ပါဝင်ကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၂၃၉ ဦးကို ဖမ်းဆီးထားပြီး ၄ ဦးသာ ပြန်လွှတ်ပေးထားကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

KIA အပေါ် သည်းခံစိတ် ကုန်ဆုံးပြီလို့ပြောတဲ့စကားကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ၊ ရှင်းလင်းတိကျတဲ့ ကြေညာချက်နဲ့ နယ်မြေစိုးမိုးရေး ပြန်လုပ်တော့မလား၊ မြောက်ပိုင်း(၃) ဖွဲ့နဲ့ ဝ-မိုင်းလား ထုတ်ပြန်ချက်(၁-၁၁-၂ဝ၂၃)

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved