KIA အဖွဲ့၏ မိုင်း၊ ခဲယမ်း နှင့် လက်နက်ထုတ်လုပ်သည့်နေရာများကို တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု နစကထုတ်ပြန်
မြူနစ် (NSS) - နိုဝင်ဘာ ၁
KIA အဖွဲ့၏ မိုင်း၊ ခဲယမ်းနှင့် လက်နက်ထုတ်လုပ်သည့်နေရာများကို တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် အဓိက ဆက်သွယ်ရေးကားလမ်း၌ လုံခြုံရေးဆောင် ရွက်နေသော ကန်တော်ယန်တစ်ဝိုက်ရှိ လုံခြုံရေးအဖွဲ့ကို ယမန်နေ့(အောက်တိုဘာလ ၃၁ ရက်) နံနက်ပိုင်းတွင် KIA နှင့်ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ဝင်တိုက်ခဲ့ကြောင်း သိရသည်။
KIA နှင့်ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနား-ဗန်းမော်သွား ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထိန်းချုပ်ရန်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းကဲ့သို့ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း တပ်မတော်မှ အရာရှိ/စစ်သည်အချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် KIA နှင့်ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ အကြမ်းဖက်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများနှင့်အချိန်ကိုက် အခွင့်အရေးယူကာ တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း နစကမှ သုံးသပ်ထားသည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် KIA အဖွဲ့၏ လက်နက်ထုတ်လုပ်သည့်နေရာ၊ ခဲယမ်းနှင့် မိုင်းများထုတ်လုပ်သည့်နေရာများနှင့် သိုလှောင်သည့်နေရာများကို သင့်လျော်သော တုံ့ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း နစကမှ အသိပေးထားသည်။
အလားတူ လွန်ခဲ့သော အောက်တိုဘာလ ၆ ရက်တွင်လည်း မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ လဲလုံလမ်းကြောင်း လုံခြုံရေးစခန်းကို KIA နှင့်ပူးပေါင်းအင်အားစုများက ဝင်ရောက်တိုက်ခိုက်မှုရှိခဲ့သည်ဟု နစကမှ အသိပေးထားသည်။
သို့သော် တပ်မတော်အနေဖြင့် သက်ဆိုင်ရာ Peace – Talk Creation Group (PCG) မှတစ်ဆင့် KIA ထံသို့ ဆက်သွယ်ကာ အများပြည်သူအသုံးပြုသော ဆက်သွယ်ရေးလမ်း ကြောင်းဖြစ်သည့်အတွက် အကြမ်းဖက်လုပ်ရပ်များ မပြုလုပ်ရန်နှင့် ထပ်မံ၍ ပြုလုပ်လာပါက သင့်လျော်သည့်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု (၂)ကြိမ်တိုင်တိုင် အသိပေးခဲ့ဖူးကြောင်းလည်း သိရသည်။
ထိုသို့အသိပေးခဲ့မှုအပေါ် KIA နှင့်ပူးပေါင်းအင်အားစုများအနေဖြင့် လိုက်နာခြင်းမရှိသည့် အတွက် ၎င်းတို့၏ လက်နက်ထုတ်လုပ်သည့်နေရာ၊ ခဲယမ်းနှင့်မိုင်းများထုတ်လုပ်သည့်နေရာများကို တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ပြည်လူထူထုနှင့်ပတ်သက်၍ နှောက်ယှက်ထိပါးစေသည့် အကြမ်းဖက်လုပ်ရပ်များကို ထပ်မံဆောင်ရွက်လာပါက လိုအပ်သော ပြန်လည်တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဟု နစကမှ သတိပေးထားသည်။
လက်ရှိ နစကအစိုးရအနေဖြင့် KIA လက်နက်ကိုင်အဖွဲ့အား ငြိမ်းချမ်းရေးလာရောက်ဆွေး နွေးရန်အတွက် အကြိမ်ကြိမ်ဖိတ်ခေါ်မှုများရှိခဲ့သော်လည်း တက်ရောက်ဆွေးနွေးခြင်းမရှိသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အုတ်ဖိုမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ကာ ဆိုင်ကယ် နှင့် ဖုန်းလုယက်ယူဆောင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ