လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိမှု ဘုတလင်မြို့နယ်၌ ဖြစ်ပွား
Pearl (NP News) - မတ် ၁
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက်သမားများမှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် (၉)နှစ်အရွယ် မိန်းကလေးတစ်ဦး ဗုံးသီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇)ရက်၊ နံနက်(၈)နာရီ အချိန်ခန့်တွင် ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်အတွင်းသို့ အကြမ်းဖက်သမားများမှ ရွှေတောင်ကျေးရွာနှင့် သမန်းတောကျေးရွာကြားမှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။
ပစ်ခတ်မှုကြောင့် အဆိုပါရပ်ကွက်ရှိ “ရီရီလဲ့”ဆေးဆိုင်အနီးသို့ စိန်ပြောင်းဗုံးသီးတစ်လုံးကျရောက် ပေါက် ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲခဲ့ခြင်းကြောင့် ဆေးဆိုင်ရှေ့၌ ထိုင်နေသည့် ဆေးဆိုင်ပိုင်ရှင် ဦးနိုင်လင်းအောင်(၃၈)နှစ် နှင့် ၎င်း၏သမီးဖြစ်သူ မအေးမြတ်စန္ဒီ(၉)နှစ်တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနိုင်ရန်အတွက် ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးႏွင့္ (၉)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ဒဏ္ရာရရွိမႈ ဘုတလင္ၿမိဳ႕နယ္၌ ျဖစ္ပြား
Pearl (NP News) - မတ္ ၁
စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္သမားမ်ားမွ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးႏွင့္ (၉)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ဗုံးသီးစထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၂၇)ရက္၊ နံနက္(၈)နာရီ အခ်ိန္ခန႔္တြင္ ဘုတလင္ၿမိဳ႕နယ္၊ ျမဝတီရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ရပ္ကြက္အတြင္းသို႔ အၾကမ္းဖက္သမားမ်ားမွ ေ႐ႊေတာင္ေက်း႐ြာႏွင့္ သမန္းေတာေက်း႐ြာၾကားမွေန၍ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။
ပစ္ခတ္မႈေၾကာင့္ အဆိုပါရပ္ကြက္ရွိ “ရီရီလဲ့”ေဆးဆိုင္အနီးသို႔ စိန္ေျပာင္းဗုံးသီးတစ္လုံးက်ေရာက္ ေပါက္ ကြဲခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေပါက္ကြဲခဲ့ျခင္းေၾကာင့္ ေဆးဆိုင္ေရွ႕၌ ထိုင္ေနသည့္ ေဆးဆိုင္ပိုင္ရွင္ ဦးႏိုင္လင္းေအာင္(၃၈)ႏွစ္ ႏွင့္ ၎၏သမီးျဖစ္သူ မေအးျမတ္စႏၵီ(၉)ႏွစ္တို႔တြင္ ဗုံးသီးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသႏိုင္ရန္အတြက္ ဘုတလင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုဒုံမြို့နယ်တွင် ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း