အစ္စရေးနှင့် ပါလက်စတိုင်းကြား ဖြစ်ပွားနေသောစစ်ပွဲနှင့်ပတ်သက်ပြီး မလေးရှားကို အမေရိကန်အစိုးရ ဖိအားပေး ရန် ကြိုးပမ်းနေ
Pika (NSS) - အောက်တိုဘာ ၃၁
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအပေါ် ရပ်တည်ချက်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံက မလေးရှားနိုင်ငံကို ဖိအားပေးရန် ကြိုးပမ်းခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က ထုတ်ဖော်ပြောခဲ့သည်။
အန်ဝါအီဘရာဟင် က "အမေရိကန်အာဏာပိုင်တွေဟာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအပေါ် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ဖို့အတွက် အမေရိကန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပါ တယ်။ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို သံအမတ်ကြီးက အခိုင်အမာကိုပြောကြားခဲ့ပါတယ်" ဟု ပြောခဲ့သည်။
မလေးရှားအစိုးရသည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့ကို ပြစ်တင်ရှုတ်ချရန် ငြင်းဆိုခဲ့သလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန် ငြင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရပ်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အန်ဝါအီဘရာဟင် က ပြောခဲ့သည်။
အန်ဝါအီဘရာဟင် က "အောက်တိုဘာလ(၁၃)ရက်နဲ့ (၃ဝ)ရက်တို့မှာ အမေရိကန်မှာရှိတဲ့ မလေးရှားသံရုံးဟာ နှစ်ကြိမ် ဆင့်ခေါ်ခံခဲ့ရတယ်။ အဲဒီဆင့်ခေါ်မှုအတွင်း အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ အစ္စရေး-ဟားမက် ပဋိပက္ခဖြစ်ပွားနေတာကို အခွင့်ကောင်းမယူဖို့ နိုင်ငံတစ်နိုင်ငံကို သံတမန်ရေးအရ တိုက်တွန်းဖို့ တောင်းဆိုခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါနိုင်ငံမှာ မည်သည့်နိုင်ငံဆိုသည့်အချက်ကို အန်ဝါအီဘရာဟင်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိသော် လည်း အမေရိကန်ရည်ညွှန်းပြောဆိုသောနိုင်ငံမှာ အီရန်နိုင်ငံဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းများအရ သိရသည်။ ထို့အပြင် မလေးရှားသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများတွင် အခိုင်အမာရှိနေ မည်ဖြစ်ပြီး ပါလက်စတိုင်းနယ်မြေကို အစ္စရေး၏ တရားမဝင် သိမ်းပိုက်မှုအား ပြစ်တင်ရှုတ်ချကြောင်း အန်ဝါ အီဘရာဟင်က ထပ်မံပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ဖလားရရှိပြီးနောက် ၂ဝ၂၃ ခုနှစ် Ballond'Or ဆုကို ရှစ်ကြိမ်မြောက် ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ