မနက်ဖြန်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်တွင် ဆိုက်ရောက် နှင့် ထွက်ခွာပုံစံများ ဖြည့်စွက်ရမည်
စော (NSS) - အောက်တိုဘာ ၃၁
မနက်ဖြန် (နိုဝင်ဘာ ၁ ရက်) မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်တွင် ဆိုက်ရောက် နှင့် ထွက်ခွာပုံစံများ ဖြည့်စွက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ မနက်ဖြန် နိုဝင်ဘာလ (၁) ရက် မှစ၍ ရန်ကုန်မြိုမှ မန္တလေးမြို့ နှင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းစီနှင်းလိုက်ပါကြမည့် ခရီးသည်များအနေဖြင့် Arrival နှင့် Departure Card များအား ဖြည့်စွက်ရမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းခရီးစဉ်ဝန်ဆောင်မှုပေးနေသည့် agency ထံမှ သိရသည်။
“Arrival နှင့် Departure Cardတို့ကြ ပုံမှန်အတိုင်းပဲ နာမည်၊ အသက် ၊ ဘယ်ရက် ရောက်မယ်၊ ဘယ်ရက် ထွက်ခွာ မယ်၊ လိပ်စာ ဘာညာထည့်ရမယ်။ သက်ဆိုင်ရာ Air line ရဲ့ ကောင်တာမှာလည်း လုပ်ရမှာပါ။ Arrival နှင့် Departure Card တို့ကြ အရင်တုန်းက International ထွက်မှ လိုတာပါနော်” ဟု ပြည်တွင်းလေကြောင်းခရီးစဉ် ဝန်ဆောင်မှုပေးနေသည့် agency မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါလေကြောင်းခရီးစဉ် ရန်ကုန်မြို့ မှ မန္တလေးမြို့ သို့ ထွက်ခွာမည့် ခရီးသည်များအနေဖြင့် Departure Card ဖြစ်သည့် ထွက်ခွာပုံစံကို ဖြည့်စွက်ရန်လိုအပ်ပြီး မန္တလေးမြို့ မှ ရန်ကုန်မြို့သို့ ဆိုက်ရောက်မည့် ခရီးသည်များအနေ ဖြင့် Arrival Card ဆိုက်ရောက်ပုံစံများကို ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနှင့် ပါလက်စတိုင်းကြား ဖြစ်ပွားနေသောစစ်ပွဲနှင့်ပတ်သက်ပြီး မလေးရှားကို အမေရိကန်အစိုးရ ဖိအားပေး ရန် ကြိုးပမ်းနေ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း