မန်စီးတီးအသင်းနှင့်ကစားခဲ့သည့် ဒါဘီပွဲစဉ်ကို ရှုံးနိမ့်ခဲ့ခြင်းက အဆိုးရွားဆုံးနေ့ရက်များထဲမှ တစ်ရက်ဖြစ်ကြောင်း မန်ယူနည်းပြဝန်ခံပြောဆို
Pika (NSS) - အောက်တိုဘာ ၃ဝ
မန်စီးတီးအသင်းကို (၃)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ဒါဘီပွဲစဉ်သည် မန်ယူအသင်းနည်းပြအဖြစ် တာဝန်ယူချိန်အတွင်း ကြုံတွေ့ခဲ့ရသော အဆိုးရွားဆုံးနေ့ရက်များထဲမှ တစ်ရက်ဖြစ်ကြောင်း နည်းပြတန်ဟက်က ထုတ်ဖော်ပြောခဲ့သည်။
မန်ယူအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် မန်စီးတီးတိုက်စစ်မှူးဟာလန်းသည် ပွဲချိန်(၂၄)မိနစ်တွင် ပင်နယ်တီဂိုး ကန်သွင်းခဲ့ပြီး ပွဲချိန်(၄၉)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သလို ကွင်းလယ်ကစားသမားဖိုဒန်သည် ပွဲချိန် (၈ဝ)မိနစ်တွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် (၃)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မန်ယူနည်းပြတန်ဟက်သည် မန်စီးတီးအသင်းကို ရှုံးနိမ့်ခြင်းက ၎င်းကို အဆိုးရွားဆုံးနေ့ရက်များထဲမှ တစ်ရက်ကို ကြုံတွေ့စေခဲ့သလား ဆိုသည့်မေးခွန်းကို မေးမြန်းခံခဲ့ရကြောင်းလည်း သိရသည်။
တန်ဟက်က "ဟုတ်ပါတယ်။ မန်ယူနည်းပြအဖြစ် အဆိုးရွားဆုံးနေ့ရက်တွေထဲက တစ်ရက်ပါပဲ။ ဒါဟာ တကယ်ကို စိတ်ပျက်စရာပါပဲ။ ဒါဘီပွဲကို ဒီလိုပုံစံနဲ့ ရှုံးနိမ့်ရတာဟာ စိတ်ပျက်ဖို့ကောင်းပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီဂိုး ပေးလိုက်ရတာက အရာအားလုံးကို ပြောင်းလဲသွားစေတာပါ။ ဒါပေမယ့် ဒုတိယပိုင်းအစမှာပဲ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာပြီး ကျွန်တော်တို့ တစ်ဂိုး ထပ်ပေးခဲ့ရပါတယ်။ (၂)ဂိုးပေးလိုက်ရတဲ့ နောက်ပိုင်းမှာ ကစားပွဲကပိုခက်လာခဲ့တာပါ" ဟု ပြောခဲ့သည်။
မန်ယူအသင်းသည် ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ပထမဆုံး(၁ဝ)ပွဲတွင် (၅)ပွဲ ရှုံးနိမ့်ထားခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့်(၈)နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-30 / 8:30 PM)
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း