လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်လိုလာလက်နက်ကိုင်အဖွဲ့ပစ်မှတ်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃ဝ
အစ္စရေးစစ်လေယာဉ်တွေဟာ လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို အောက်တိုဘာ ၂၉ ရက်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးနိုင်ငံပိုင်နက်တွေထဲကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် လက်တုံ့ ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။ အစ္စရေးစစ်ဘက်က အစ္စရေးပိုင်နက်တွေထဲကို ဆီးရီးယားပိုင်နက်အတွင်းကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေရှိနေကြောင်း အဲဒီတိုက်ခိုက် မှုတွေကိုလည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေရှိနေခဲ့ကြောင်း ဆိုပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲဟာ ဒေသအတွင်းကို ကျယ်ပြန့်လာမှာ စိုးရိမ်မှုများမြင့်တက်နေချိန်မှာ ဟစ်ဘိုလာအုပ်စုတွေက အစ္စရေးပိုင်နက်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဟစ်ဘိုလာအုပ်စုတွေဟာ ဟားမက်စ်နဲ့ အစ္စရေးတို့ စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးပိုင်နက်တွေကို ရော့ကတ် ဒုံးကျည်တွေ နဲ့ မကြာခဏပစ်ခတ်ခဲ့ရာ အစ္စရေးဟာ နယ်စပ်ဒေသရှိ ဒေသခံတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်း ပေးထားရပါတယ်။ လက်ဘနွန်အစိုးရကလည်း နယ်စပ်ဒေသရှိ ဒေသခံတွေ ထိခိုက်မှာစိုးရိမ်တဲ့အတွက် ဒေသခံလူပေါင်း ၃ သောင်းနီးပါးကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးထားရပါတယ်။
အမေရိကန်အစိုးရ နဲ့ အစ္စရေးအစိုးရတို့က ဟစ်ဘိုလာအုပ်စုတွေကို စစ်ပွဲထဲ မပါဝင်ဖို့ သတိပေးထားပေမယ့် ဟစ်ဘိုလာအုပ်စုတွေက ဟားမက်စ်နဲ့ အစ္စရေးတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အစ္စရေးနိုင်ငံဘက်ခြမ်း ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဟစ်ဘိုလာအုပ်စုဟာ အမြဲတမ်းတပ်ဖွဲ့ဝင် ၅ သောင်း နဲ့ ၁ သိန်းကြားနေပြီး ရော့ကတ်ဒုံးကျည်အစင်းရေပေါင်း ၂ သိန်းကျော်ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချင်းလက်နက်ကိုင်အဖွဲ့ CNF နှင့် CDF တို့ ထိန်းချုပ်ထားသည့် ထန်တလန်မြို့ကို တပ်မတော်က (၃)လနီးပါး တိုက်ခိုက်ပြီးနောက် ပြန်လည်ထိန်းချုပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ