၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်အစီအစဉ်မှ အမေရိကန်ဒုသမ္မတဟောင်းမိုက်ခ်ပန့်စ် နှုတ်ထွက်
Pika (NSS) - အောက်တိုဘာ ၂၉
အမေရိကန်ဒုသမ္မတဟောင်းမိုက်ခ်ပန့်စ်သည် ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း အောက်တိုဘာလ(၂၈)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
မိုက်ခ်ပန့်စ်က "ဒီအချိန်ဟာ ကျွန်တော့်အချိန်မဟုတ်သေးပါဘူး။ ဒါက ကျွန်တော့်အတွက် ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ။ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာကို ရပ်ဆိုင်းဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ကြိုးပမ်းအားထုတ်ရမယ့်အချိန်ဆိုတာ သိပေမယ့် ဒီလိုနှုတ်ထွက်ခဲ့လို့ ကျွန်တော်နောင်တမရပါဘူး" ဟု ပြောခဲ့သည်။
၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်ရန်အစီအစဉ်မှ မိုက်ခ်ပန့်စ်၏ နှုတ်ထွက်မှုသည် အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရမ့်၏ အဓိကပြိုင်ဖက်ဖြစ်သော ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်အတွက် ဒေါ်နယ်ထရမ့်ကို ကျော်တက်ရန် အခွင့်အရေးအနည်းငယ်ရှိလာမည်ဟု ရှုမြင်ထားကြကြောင်းလည်း သိရသည်။
အမေရိကန်ဒုသမ္မတဟောင်း မိုက်ခ်ပန့်စ်သည် ရှေးရိုးစွဲဝါဒီကို တိုးတက်စေရန်အတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့သော ကိုယ်ကျင့်တရားကောင်းသူတစ်ဦးဖြစ်ကြောင်း ရွန်ဒီဆန်းတစ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂ဝ၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲယှဉ်ပြိုင်မည့်အစီအစဉ်မှ နှုတ်ထွက်ကြောင်း မိုက်ခ်ပန့်စ်က ထုတ်ပြန်ကြေညာပြီးနောက် ရွန်ဒီဆန်းတစ်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
မိုက်ခ်ပန့်စ်သည် ဒေါ်နယ်ထရမ့်လွှမ်းမိုးထားသော ပြိုင်ဆိုင်မှုမှ ပထမဆုံးထွက်ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
၂ဝ၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မိုက်ခ်ပန့်စ်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အဓိက ပြိုင်ဖက်အဖြစ် ရှုမြင်ခံထားရသော်လည်း ၎င်းသည် ထောက်ခံမှုများကို ရရှိရန်အတွက် ရုန်းကန်နေခဲ့ရကြောင်း လည်း သိရသည်။
မိုက်ခ်ပန့်စ်က "ကျွန်တော့်ရဲ့ရီပတ်ဘလစ်ကန်ပါတီဝင်အားလုံးကို ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ ကျွန်တော် တို့နိုင်ငံကို ရီပတ်ဘလစ်ကန် စံနှုန်းတွေ ဆောင်ကြဉ်းပေးမယ့်သူဆီကိုပဲ ပေးကြပါ။ အမေရိကန်သမ္မတဟောင်း လင်ကွန်းပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ရဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့လူတစ်ယောက်ကိုပဲ မေတ္တာရပ်ခံကြ ပါ။ ကျွန်တော်တို့ကိုအောင်ပွဲသို့ ဦးဆောင်ရုံတင်မဟုတ်ဘဲ နိုင်ငံကိုလည်း ကောင်းမွန်စွာဦးဆောင်နိုင်မယ့်သူကိုပဲ ရွေးကြပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဦးရဲထွဋ် အဖမ်းခံရခြင်း၊ သမ္မတဟောင်း ဦးဝင်းမြင့် ထောင်ဝင်စာတွေ့ခွင့်ရခြင်း၊ ရှမ်းမြောက်တိုက်ပွဲတွေထဲက တွေးဆစရာများ (၂၉-၁ဝ-၂ဝ၂၃)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ