တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌဖြစ်သူ နှင့် မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့ တွေ့ဆုံဆွေးနွေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉
တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး General Zhang Youxia သည် အောက်တိုဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဖြစ်သလို ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း အပါအဝင် နိုင်ငံခြားဧည့်သည့်တော်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် အောက်တိုဘာ ၂၉ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပမည့် ၁ဝ ကြိမ်မြောက်ကျင်းပမည့် Beijing Xiangshan Forum ကို တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌသည် အဆိုပါဖိုရမ်ကို တက်ရောက်မည့် နိုင်ငံခြားဧည့်သည်တော်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ရာ အောက်တိုဘာ ၂၉ ရက်တွင် မြန်မာကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဘီလာရုစ်နိုင်ငံမှ ဗိုလ်ချုပ်ကြီး ဗစ်တာ ခါရီနင်၊ အရှေ့တီမောနိုင်ငံမှ ကာကွယ်ရေးဝန်ကြီး Pedro Klamar Fuik တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးချိန်အတွင်း တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌက တရုတ်နိုင်ငံအနေဖြင့် မြန်မာ၊ အရှေ့တီမော၊ ဘီလာရုစ့်နိုင်ငံများ နှင့် အပြန်အလှန်ဆက်ဆံရေးကောင်းမွန်ရေး၊ တပ်မတော်များကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန်ဆက်ဆံရေးလေးနက်မှုများရှိရန် ဆောင်ရွက်ရေးတို့အတွက် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါဖိုရမ်ကို တက်ရောက်လာသော နိုင်ငံခြားဧည့်သည်တော်များကလည်း ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် စစ်ဘက်ချင်း ပူးပေါင်းဆောင်ရွက်မှု နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် လိုလားနေကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
တရုတ်နှင့် မြန်မာနယ်စပ်အနီးရှိ ချင်းရွှေဟော်မြို့နားတစ်ဝိုက်တွင် မြန်မာတပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြားတိုက်ပွဲများဖြစ်ပွားနေချိန်တွင် မြန်မာကာကွယ်ရေးဝန်ကြီးသည် တရုတ်နိုင်ငံတွင် ကျင်းပမည့် ဖိုရမ်ကို တက်ရောက်ရန်သွားရောက်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-29 / 7:00 PM)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ