သီတင်းကျွတ်ပွဲတော်ကာလတွင် ဗြောက်အိုး အပြင် မီးရှူး၊ မီးဒုန်းများကို ရောင်းချခြင်း နှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက အရေးယူမည်
စော (NSS) - အောက်တိုဘာ ၂၉
သီတင်းကျွတ်ပွဲတော်ကာလတွင် ဗြောက်အိုး အပြင် မီးရှူး၊ မီးဒုန်းများကို ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့(အောက်တိုဘာ ၂၉ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း သီတင်းကျွတ်ကာလတွင် ဗြောက်အိုး အပြင် မီးရှူး နှင့် မီးဒုံးများကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမရှိစေရေးအတွက် ၎င်းအစိုးရအဖွဲ့မှ နှစ်စဉ် အသိပေးထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗြောက်အိုး အပြင် မီးရှူးနှင့် မီးဒုံးများကို ပစ်ဖောက်မှုများကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်စေခြင်း အပါအဝင် မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင်ပြုလုပ်လာနိုင်ကြောင်း အစိုးရအဖွဲ့မှ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိဘဲ ဗြောက်အိုး အပြင် မီးရှူးနှင့် မီးဒုံးများကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းများနှင့် ပစ်ဖောက်ခြင်းများပြုလုပ်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို Starlink အင်တာနက်ဂြိုလ်တု အသုံးပြုခွင့်ရအောင် ကူညီပေးမယ်လို့ အီလွန်မတ်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ