ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို Starlink အင်တာနက်ဂြိုလ်တု အသုံးပြုခွင့်ရအောင် ကူညီပေးမယ်လို့ အီလွန်မတ်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သလို SpaceX ကုမ္ပဏီပိုင်ရှင်လည်းဖြစ်တဲ့ အီလွန်မတ်ဟာ ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းများ အင်တာနက်အသုံးပြုနိုင်စေဖို့အတွက် Starlink ဂြိုလ်တုများကို အသုံးပြုခွင့်ပေးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ အင်တာနက်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက် သွားခဲ့ပြီးနောက် အီလွန်မတ်ဟာ Starlink များ အကူအညီပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဂါဇာဒေသမှာ အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ Ocasio-Cortez အပါအဝင် ကမ္ဘာတဝန်းရှိ နိုင်ငံသားတွေဟာ ဂါဇာဒေသအတွက် Starlink ဂြိုလ်တုများ ကူညီပေးဖို့ အီလွန်မတ်ထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
အီလွန်မတ်က "ဂါဇာဒေသရှိ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းတွေကို Starlink ဂြိုလ်တုတွေ အသုံးပြုခွင့်ပေးသွားမှာပါ" လို့ ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်မှုတွေ တိုးချဲ့လုပ်ကိုင်နေခဲ့ပြီး ပါလက်စတိုင်းလူမျိုး ၂ သန်းနီးပါးကို ကမ္ဘာ့အပြင်ဘက်နဲ့ အဆက်အသွယ်ရစေဖို့ အင်တာနက်ဖြတ်တောက်တာမျိုးတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ အဆက်သွယ်ပြတ်တောက်နေကြောင်း သိရပါတယ်။
လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့တွေ မြေပြင်ထိုးစစ်ဆင်ခဲ့ပြီးနောက်ပိုင်း ဒေသခံတွေ ဘေးဒုက္ခကြီးမားစွာရင်ဆိုင်ရဖွယ်ရှိနေကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်း အတွဲပေါင်း (၄ဝဝဝ)ကျော် ရောင်းချနိုင်ခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း