ရန်ကုန်မြို့၌ ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားသည့် ညမထွက်ရအချိန်များကို ပြင်ဆင်သတ်မှတ်
မြူနစ် (NSS) - အောက်တိုဘာ ၂၇
ရန်ကုန်မြို့၌ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားသည့် ညမထွက်ရအချိန်များကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။
ယခင်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ ညမထွက်ရအချိန်အား ည (၁၂) နာရီမှ နံနက် (၄)နာရီအတွင်း သတ်မှတ်ကာ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်ရှိ မြို့နယ်အသီးသီး၌ ညမထွက်ရအချိန်ကို နံနက် (၁)နာရီမှ နံနက်(၃) နာရီအတွင်း သတ်မှတ်ကာ ပြင်ဆင်အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
“ရန်ကုန်မှာ ညမထွက်ရအမိန့်အချိန်ကို ပြင်ဆင်သတ်မှတ်တယ်ဆိုတာ ဟုတ်ပါတယ်။ မှန်ပါတယ်။ ည ၁ နာရီကနေ မနက် ၃ နာရီလို့ ပြင်လိုက်တာ။ အမိန့်စာတွေ ထွက်ထားပြီးပါပြီ။ အခြားတိုင်းတွေလည်း ရှိတယ်လေ။ မန္တလေးတို့ ဘာတို့ ရှိတယ် ကြားတယ်။ အကုန်လုံးပါမှာပါ။ မငြိမ်တဲ့ဘက်တွေတော့ ပါမှာမဟုတ်သေးဘူး”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း၌ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ည (၁၂)နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရအမိန့်ကို ယနေ့(အောက်တိုဘာလ ၂၇ ရက်) တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်း၌ ယခင်က ထုတ်ပြန်ထားသည့် ညမထွက်အရမိန့်အား ယမန်နေ့(အောက်တိုဘာလ ၂၆ ရက်)မှစတင်ကာ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော် စတင်ဖွင့်လှစ်ခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ