ကြည့်မြင်တိုင်၌ YBS ယာဉ် (၂)စီးနှင့် ကွန်တိန်နာကား တိုက်မှုဖြစ်ပွား
NSS - အောက်တိုဘာ ၂၇
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် YBS ယာဉ် (၂)စီးနှင့် ကွန်တိန်နာကားတို့ ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့သည့်အနက် (၁)ဦးသည် စိုးရိမ်ရကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ သိရသည်။
ယနေ့ အောက်တိုဘာလ (၂၇)ရက်၊ နံနက် ၉ နာရီကျော်အချိန်က YBS ယာဉ် (၂)စီး တိုက်မိစဉ်လွတ်နေသည့် နေရာကြားထဲသို့ ကွန်တိန်နာကားက ထပ်မံတိုက်မိမှုဖြစ်ပွားခဲ့ခြင်းကြောင့် YBS ကားပေါ်မှ ခရီးသည် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ (၁)ဦးသည် စိုးရိမ်ရကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"အမျိုးသားတစ်ယောက်၊ အမျိုးသမီး နှစ်ယောက် ဒဏ်ရာရတယ်။ အမျိုးသား တစ်ယောက်က စိုးရိမ်ရတယ်လို့သိရပါတယ်။ အမျိုးသမီး ၂ယောက် မှာ ၁ ယောက်က ခါးထိတယ်၊ နောက်တစ်ယောက်က ခေါင်းထိတယ်။ ယာဉ်သုံးစီးဆင့်တိုက်တာက ကမ်းနားလမ်းနဲ့ စာတိုက်ထောင့်မှာဖြစ်ပါတယ်"ဟု ယင်းက ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၃)ဦးကို ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းက မြေပြင်ကုသမှုပေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရကို အီရန်အစိုးရ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း