အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရကို အီရန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၇
အစ္စရေးတပ်ဖွဲ့များသည် ပါလက်စတိုင်းပြည်သူများကို မျိုးသုန်းသတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆို လျှင် အမေရိကန်သည်လည်း ထိုစစ်မီးမှ ရှောင်လွဲလို့ရနိုင်မည်မဟုတ်ကြောင်း၊ အမေရိကန်သည် ပါလက်စတိုင်း များအပေါ် မျိုးသုန်းသတ်ဖြတ်မှုများဖြစ်လာစေရန် နောက်ကွယ်မှ စီမံခန့်ခွဲနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Amir-Abdollahian က ဝေဖန်ပြစ်တင်လိုက်သည်။
၎င်းက "အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ပါလက်စတိုင်းတွေကို မျိုးသုန်းသတ်ဖြတ်တာမျိုး လုပ်ဖို့ စီမံခန့်ခွဲနေတယ်။ ကျွန်တော်တို့ကတော့စစ်ပွဲဟာ ဒေသအတွင်းကို ပျံ့နှံ့လာမှာ မလိုလားဘူး။ ဒါပေမယ့် ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူတွေအပေါ် မျိုးသုန်းသတ်ဖြတ်မှုများ ဆက်လုပ်နေမယ်ဆိုရင်တော့ ဒီစစ်မီး ကနေ အမေရိကန်က ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။ အရှေ့အလယ်ပိုင်းဒေသ နဲ့ အနောက်အာရှဟာ ကျွန်တော်တို့ရဲ့ ဒေသ၊ ကျွန်တော်တို့ရဲ့အိမ်ဖြစ်တယ်။
ကျွန်တော်တို့အိမ်ရဲ့လုံခြုံရေးကို ထိခိုက်လာပြီဆိုရင်တော့ ကျွန်တော်တို့ဟာ အလျော့ပေးမှာ မဟုတ်သလို ကတိပေးမှာလည်း မဟုတ်ဘူး။ ကြိုတင်သတိပေးမှာလည်း မဟုတ်ဘူး" ဟု ပြောသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်အစိုးရအနေဖြင့် အစ္စရေးနိုင်ငံနှင့်အတူ အမြဲတမ်းရပ်တည်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့သလို အစ္စရေးကို စစ်ရေးအကူညီပေးနိုင်ရန် အမေရိကန်လွှတ်တော်ထံ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ တောင်းခံထားကြောင်း သိရသည်။
အမေရိကန်သည် ဟားမက်စ် နှင့် အစ္စရေးစစ်ပွဲ စတင်ခဲ့သော အောက်တိုဘာ ၇ ရက် နောက်ပိုင်းကတည်းက အရှေ့ အလယ်ပိုင်းဒေသကို အက်ဖ် ၁၆ တိုက်လေယာဉ်အုပ်စုများ၊ လေကြောင်းရန် ကာကွယ်ရးစနစ်များ၊ လေယာဉ်တင် သင်္ဘောနှင့် တပ်ဖွဲ့ဝင် ၉ဝဝ ကျော် စေလွှတ်ဖြန့်ကြတ်ချထားကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန် နဲ့ အစ္စရေးတို့ဟာ လူသားချင်းတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ချက်ချင်းမရပ်တန့်ဘူးဆိုရင်တော့ ဖြစ်လာနိုင်မယ့်အကျိုးဆက်ဟာ ဒေသအတွင်းကို ပျံ့နှံ့လာနိုင် ပြီး ထိန်းချုပ်လို့ရမှာ မဟုတ်ဘူး။ အရှေ့အလယ်ပိုင်းဒေသကို စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ လေယာဉ်တင်သင်္ဘောတွေ စေလွှတ်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့လုပ်ရပ်က ရှက်ဖွယ်ကောင်းတယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တန်ဖိုးမြင့်ထောပတ်သီးထုတ်ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ပြီး အကျိုးစီးပွားပိုမိုဖြစ်ထွန်းရေးကြိုးပမ်းရန် တိုက်တွန်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း