ရာထူးကနုတ်ထွက်ဖို့တောင်းဆိုခံရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို အားပေးထောက်ခံကြောင်း ဂျာမနီအစိုးရပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၆
အစ္စရေး နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကြား အငြင်းပွားမှုများ၊ အပြန်အလှန်ဝေဖန်မှုများရှိနေချိန်မှာပဲ ဂျာမနီအစိုးရက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကို အားပေးထောက်ခံကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးသံအမတ်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကုသလမဂ္ဂအစည်းအဝေးမှာ ဂူတာရက်စ်ကို ရာထူးက နုတ်ထွက်ဖို့ လူသိရှင်ကြားတောင်းဆိုခဲ့ရာ အငြင်းပွားမှုအရှိန်မြင့်တက်နေကြောင်းသိရပါတယ်။ ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ Steffen Hebestreit က "ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပေါ် ဖက်ဒရယ်အစိုးရတွေက ယုံကြည်မှုရှိပါတယ်"လို့ ပြောပါတယ်။
ဂါဇာဒေသအပေါ် အစ္စရေးနိုင်ငံက တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး ဂူတာရက်စ်ဟာ အစ္စရေးနိုင်ငံကိုဝေဖန်ပြစ်တင်ခဲ့ရာ အငြင်းပွားမှုတွေ၊ အပြန်အလှန်ဝေဖန်ပုတ်ခတ်မှုတွေဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဂူတာရက်စ်က "ပါလက်စတိုင်းပြည်သူတွေဟာ နှစ်ပေါင်း ၅၆ နှစ်ကြာ ဖိနှိပ်ခံခဲ့ရတယ်"လို့ ပြောဆိုခဲ့ရာ အစ္စရေးအစိုးရနဲ့ သံတမန်များစိတ်ဆိုးဒေါသဖြစ်ခဲ့ရကြောင်းသိရပါတယ်။
ဂျာမနီအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက အစ္စရေးသံအမတ်ကြီးဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ထုတ်ပြန်ချက်အားလုံးကို စဉ်းစားချင့်ချိန်မှုအားနည်းခဲ့ကြောင်း၊ ဂူတာရက်စ်ကို ကုသလမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုတာတွေက သင့်တော်မှုမရှိကြောင်းပြောပါတယ်။
၎င်းက "လက်ရှိအချိန်မှာတော့ ဂျာမနီအစိုးရဟာ ဟားမက်စ်အဖွဲ့အပေါ် တိုက်ခိုက်နေတဲ့ အစ္စရေးနိုင်ငံရဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေတယ်"လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားမှာ အသက် ၈၂ နှစ်အရွယ် အဘိုးအိုတစ်ဦး ရေဘဝဲစားပြီး အသက်ရှူကြပ်သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ