ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် PDF အဖွဲ့မှ ထပ်မံ မိုင်းခွဲဖျက်ဆီးမှုဖြစ်ပွားခဲ့ပြီး ရထားလမ်းနှင့် ဘူတာရုံမိုင်းခွဲခံရမှု အကြိမ်ရေပေါင်း(၁၂၀)ထက်မနည်းရှိလာ
Pearl (NSS) - အောက်တိုဘာ ၂၆
ရန်ကုန် - မန္တလေးရထားလမ်းပိုင်းတွင် PDF အဖွဲ့မှ ထပ်မံ မိုင်းခွဲဖျက်ဆီးမှုဖြစ်ပွားခဲ့ပြီး ရထားလမ်းနှင့် ဘူတာရုံမိုင်းခွဲခံရမှု အကြိမ်ရေပေါင်း (၁၂၀)ထက်မနည်းရှိလာကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ (၂၄)ရက်၊ ည (၁၁)နာရီ (၅၀)မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၊ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သူဋ္ဌေးကုန်းဘူတာ နှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၀၄/၀-၁ ကြား တံတားအမှတ်၊ ၁၄၆ နှင့် ၁၄၇ အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်တိုင်အနီး၌ ရထားလမ်းပိုင်းအား PDF အဖွဲ့ဝင်များက ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ရထားပြေးဆွဲနေသော အဆန်ရထားလမ်းနှင့် ပြန်လည်အဆင့်မြှင့်တည် ဆောက်နေသော အစုန်ရထားလမ်းတို့တွင် တပ်ဆင်ထားသည့် သံလမ်းသစ်များ ၁ ပေခွဲစီခန့် ပြတ်တောက်၍ ၄ ပေစီခန့် ကွေးကောက်ပျက်စီးခြင်းနှင့် ကွန်ကရစ်ဇလီ ဖားတုံးများ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးမှုကြောင့် အောက်တိုဘာလ(၂၄)ရက် ညနေပိုင်းတွင် မန္တလေးမှရန်ကုန်သို့ ပုံမှန်ထွက်ခွာလာသော အမှတ်(၆)အစုန်အမြန်ရထားသည် အောက်တိုဘာ လ (၂၅)ရက်၊ နံနက် ၃ နာရီခန့်တွင် ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဘူတာတွင်လည်း ကောင်း၊ အမှတ်(၄)အစုန် ရထားသည် နံနက် ၄နာရီ ၂၀မိနစ်ခန့်တွင် ကညွတ်ကွင်းဘူတာ၌လည်းကောင်း ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။
အလားတူ ရွာသာကြီး-မြစ်ငယ်-ရွာသာကြီး ခရီးစဉ်ပြေးဆွဲလျက်ရှိသည့် ကုန်သေတ္တာရထား(၂)စင်းတို့သည် လည်း ပြွန်တန်ဆာဘူတာနှင့် အိမ်ခြေလေးဆယ်ဘူတာတို့၌ ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခြင်း၊ မီးရထားဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပြီးစီးခဲ့သဖြင့် ခေတ္တရပ်နားထားရသော ရထားများပုံမှန် ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
PDF များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်း နှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/တွေ့ရှိခြင်း(၁၂၈)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၅) ကြိမ်၊ ဘူတာအ ဆောက်အဦးနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာထူးကနုတ်ထွက်ဖို့တောင်းဆိုခံရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို အားပေးထောက်ခံကြောင်း ဂျာမနီအစိုးရပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း