အသင်းကစားသမားများ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမှာ စတင်ကြီးထွားလာနေပြီဖြစ်ကြောင်း မန်ယူနည်းပြ ပြော
Pika (NSS) - အောက်တိုဘာ ၂၅
မန်ယူအသင်းသည် ကိုပင်ဟေဂင်အသင်းနှင့်ကစားခဲ့သည့်် ချန်ပီယံလိဂ်ပွဲစဉ်ကို အနိုင်ရရှိခဲ့ပြီးနောက် မန်ယူအသင်းကစားသမားများ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုမှာ စတင်ကြီးထွားလာနေပြီဖြစ်ကြောင်း နည်းပြတန်ဟက်က ဝန်ခံခဲ့သည်။
ကိုပင်ဟေဂင်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် မန်ယူနောက်တန်းကစားသမား မက်ဂွိုင်းယားသည် ပွဲချိန်(၇၂) မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီးနောက် (၁)ဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မန်ယူဂိုးသမားအိုနာနာသည် ကိုပင်ဟေဂင်အသင်းတိုက်စစ်မှူး Jordan Larsson ၏ ပင်နယ်တီကန်သွင်းမှုကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် မန်ယူအသင်းသည် နောက်ဆုံးကစားခဲ့သော ပွဲစဉ်(၃)ပွဲလုံးကို အနိုင်ရရှိထားကြောင်းလည်း သိရသည်။ မန်ယူအသင်းသည် လာမည့်အောက်တိုဘာလ(၂၉)ရက်တွင် မန်စီးတီးအသင်း နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မန်ယူအသင်းကစားသမားများသည် ကစားပွဲများအတွင်း ရလဒ်ကောင်းများထွက်အောင် စတင်ခြေစွမ်းပြ ကစားနေပြီဟု ယုံကြည်ကြောင်း နည်းပြတန်ဟက်က ပြောခဲ့သည်။ တန်ဟက် က "အသင်းကစားသမားတွေဟာ ပိုမိုခြေစွမ်းပြကစားလာနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ ပြီးတော့ ဒီရာသီမှာ သူတို့ရဲ့အကောင်းဆုံးပုံစံတွေကို စတင်ရရှိနေပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် မက်ဂွိုင်းယားနဲ့ အိုနာနာတို့ကို ကြည့်လိုက်ပါ။ သူတို့တွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပါပြီ။ ပြီးတော့ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ အခြားကစားသမားတွေလည်းရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုပုံစံအတိုင်း ကျွန်တော်တို့ ဆက်သွားမယ်ဆိုရင် တစ်ခုခုကို ဖန်တီးနိုင်လိမ့်မယ်လို့တော့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်အဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းမဟုတ်ဘဲ လွတ်မြောက်ရေးအဖွဲ့အစည်းဖြစ်ကြောင်း တူရကီသမ္မတ ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း